ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ၊ ၂၀၊ ၂၀၂၄

ပင်လောင်းမြို့နယ် ကျေးရွာတစ်ချို့တွင် လက်ပံပင်အခေါက်ကို ပွဲစားများက စျေးကောင်းပေးပြီးဝယ်ယူနေသောကြောင့် ဒေသခံများ လောလောဆယ် စားဝတ်နေရေးအတွက်ဖြေရှင်းရန် အဆင်ပြေစေကြောင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် သိရသည်။

လက်ပံအခေါက်ကို အစိုကိုလည်းဝယ်ယူပေးနေပြီး တစ်ပိဿာကို ခြောက်ရာကျပ်ပေးပြီးဝယ်ယူလျှက်ရှိရာ အခေါက်ခုတ်ရောင်းသူအနေနှင့် တစ်ရက်လျှင် ဝင်ငွေ နှစ်သောင်းကျပ်ခန့်ရရှိနေကြောင်း လက်ပံခေါက်ရောင်းသူထံမှ သိရသည်။

“ခုလိုသူများလာဝယ်တဲ့ချိန် တခဏတာအတွက် စားဝတ်နေရေးတွက်အဆင်ပြေစေတယ်”ဟု လက်ပံခုတ်ရောင်းသူကဆိုသည်။

ယခုလို လက်ပံပင်အခေါက်များ ခုတ်ယူမှု များခြင်းကြောင့် လက်ပံပင် မျိုးတုန်းမှာကို စိုးရိမ်နေမိကြောင်း ဒေသခံတစ်ဦးကဆိုသည်။

“တစ်ချို့အပင်က ခုတ်ယူတာများသွားလို့ အပင်ခြောက်သွားတာမျိုးရှိတယ်။”ဟု ၎င်းကဆက်ပြောသည်။

လက်ပံပင်အခေါက်ကို သဘာဝဆေးဖော်ရာတွင် အသုံးပြုပြီး ဆေးထုတ်လုပ်ဖော်စပ်နေကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊ပေါင်းလောင်းဒေသနှင့် လက်ပံပင်ပေါများရာ ကျေးရွာတို့တွင် သစ်အခေါက်များကို ခုတ်ယူပြီး ရောင်ချနေကြကြောင်းသိရသည်။

လက်ပံပင်အခေါက်ကို ပြုတ်သောက်ခြင်းဖြင့်လည်း မီးယပ်ရောဂါ ပျောက်ကင်းနိုင်ပြီး လက်ပံအမြစ်ကို လေးဘက်နာ ရောဂါဖြစ်ပွားသူများက ပြုတ်၊ သောက်၊လိမ်းခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ကြောင်း ဒေသခံများက ဆိုသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *