ခမ်းသားငေါဝ်း
ဖေဖော်ဝ်ရီ ၂၀၊၂၀၂၄

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် ထိုင်းသံရုံးဗီဇာလျှောက်ထားသူ အရေအတွက်များနေသောကြောင့် အွန်လိုင်းမှတစ်ဆင့်ဗီဇာရက်ချိန်း ရယူနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက ယနေ့ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးတွင် ဗီဇာရက်ချိန်းကို ကြေညာစာထုတ်ပြန်သည့်နေ့မှစကာ ထုတ်ပြန်စာတွင်ဖော်ပြ သည့်ဝက်ဘ်ဆိုဒ်နှင့် QR Codeသို့ ဝင်ရောက်ပြီး အွန်လိုင်းမှတစ်ဆင့်ရယူနိုင်ပြီဖြစ်ပြီး တစ်ရက်လျှင် တိုကင်နံပါတ်(၂၀၀)နှုန်းဖြင့် ရက်(၃၀)ကြိုတင်ရက်ချိန်းယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

အွန်လိုင်းမှတစ်ဆင့်ရက်ချိန်းယူထားသူများသည် အီးမေးလ်နှင့် ဗီဇာရက်ချိန်းရရှိထားသည့်ပုံ သို့မဟုတ် အီးမေးလ်မှတစ်ဆင့်ပို့ပေးသော ဗီဇာရက်ချိန်းစာရွက်ကို ဗီဇာလာလျှောက်မည့်ရက်တွင် တာဝန်ရှိသူများ စစ်ဆေးနိုင်ရန်အတွက် ယူဆောင်လာရမည်ဟု ဆိုထားသည်။

သံရုံးရှေ့သို့လူကိုယ်တိုင်ဗီဇာရက်ချိန်းယူသူများအနေဖြင့် ဖေဖော်ဝါရီလ(၂၁) နေ့လည်(၂)နာရီအချိန်တွင် ဗီဇာလျှောက်ထားရန်တိုကင်နံပါတ်များကို ဖေဖော်ဝါရီလ(၂၂)ရက်နှင့် (၂၃)ရက်နေ့၌ တရက်လျှင်တိုကင်နံပါတ် (၂၀၀)နှုန်းဖြင့် ပေးဝေသွားမည်ဖြစ်ကြောင်း ဆိုထားသည်။
တိုကင်နံပါတ်တစ်ခုသည် ဗီဇာလျှောက်မည့်လူတစ်ဦးအတွက်သာ အကျုံးဝင်မည်ဖြစ်ပြီး တိုကင်နံပါတ်အား အလွဲသုံးစားလုပ်ခြင်း သို့မဟုတ်တိုကင်အတုအပပြုလုပ်ခြင်းများတွေ့ရှိပါက ဗီဇာလျှောက်ထားခွင့်ပိတ်ပင်ပြီး Blacklist ထဲ၌မှတ်တမ်းတင်ထားမည်ဖြစ်ကြောင်း ဆိုထားသည်။

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *