ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ရှိစစ်ဆေးရေးဂိတ်များတွင် ကရင်နီပြည်နယ်က ဒေသခံများကို ရပ်ကွက်ထောက်ခံစာပါမှသာ ဂိတ်ကိုပေးဖြတ်ကြောင်း ကိုယ်တိုင်ကြုံတွေ့သူအမျိုးသမီးတစ်ဦးထံမှသိရသည်။

ပင်လောင်းမြို့မှ တောင်ကြီးသို့သွားရာလမ်းပေါ်ရှိ ပင်လောင်းဂိတ်၊ တီကျစ် နဂါးဘီလပ်မြေရှေ့ရှိဂိတ်နှင့် အောင်ပန်းဂိတ်တို့တွင် ယခင်ထက်ပိုမိုတင်း‌ကြပ်စွာ စစ်ဆေးနေပြီး ကရင်နီပြည်နယ်က ခရီးသွားပြည်သူများကမိမိတို့နေထိုင်သည့်ရပ်ကွက် မိမိတို့တည်းခိုသည့်နေရာမှ အုပ်ချုပ်ရေးမှူးထောက်ခံစာပါမှသာလျှင် ဂိတ်ကိုဖြတ်နိုင်ကြောင်းသိရှိရပါသည်။

“ကရင်နီပြည်ကလူတွေဆိုရင် ဘယ်မှ​ပဲ နေနေ ရပ်ကွက်ထောက်ခံစာတွေလိုတယ် ထောက်ခံစာပါတာတောင် မှတ်ပုံတင်ကြည့်ပြီးရစ်တယ် သူတို့ကဘယ်လိုစစ်နေမှန်းလည်းမသိဘူး တအားရှုပ်တယ် စစ်ဆေးရေးဂိတ်တွေလည်း အရင်ကထက်များတယ်”ဟု ကရင်နီခရီးသွားပြည်သူတစ်ဦးက ခမ်းသားငါဝ်းကိုပြောသည်။

ထိုကဲ့သို့ ထောက်ခံစာများယူနေရသည့်အတွက် အရေးတကြီးသွားလာရန်လိုနေသော ပြည်သူများကများစွာခက်ခဲကြောင်းလည်းသိရသည်။

ပင်လောင်း တောင်ကြီးသွားရာ လမ်းမကြီးတွင် အာဏာသိမ်းပြီးအချိန်မှစ၍ စစ်ကောင်စီများက စစ်ဆေးရေးဂိတ်များထားရှိခဲ့ကာ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

စစ်ကောင်စီက ပြည်သူ့စစ်ဥပဒေပြဌာန်းအတည်ပြု ပြီးနောက်ပိုင်း စစ်ဆေးရေးဂိတ်များကို ပိုမိုတိုးမြင့်ကာ တင်းကြပ်စွာ စစ်ဆေးနေကြောင်းလည်းသိရှိရပါသည်။

#ppv008

Leave a Reply

Your email address will not be published. Required fields are marked *