ခမ်းသားငေါဝ်း
ဖေဖော်ဝါရီလ ၁၉၊ ၂၀၂၄

ညောင်ရွှေမြို့မှ ဝယ်ယူသယ်လာသည့် ဓာတ်ဆီ၊ဒီဇယ် ၉ ပေပါကို မှော်ဘီဂိတ်၌ စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့ စစ်အဖွဲ့တို့က ဖမ်းဆီးသိမ်းယူသွားကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဖယ်ခုံမြို့နေ ဒေါ်တင်စိန်သည် ညောင်ရွှေမြို့ ပန်းကန်ရွာက ဦးသန်းဦးဆိုင်မှ ဆီဝယ်လာပြီး သယ်လာစဥ် မှော်ဘီဂိတ်အရောက်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်အဖွဲ့တို့က သယ်ခွင့်မပေးပဲ သိမ်းယူသွားခဲ့ကြောင်းသိရသည်။

“မှော်ဘီဂိတ်မှာ နေ့တိုင်းလိုလိုလုယူနေတယ် ဆီတွေဆိုလည်း သုံးပုံးသယ်ရင်သူတို့က တစ်ပုံးယူတယ် ပိုက်ဆံ ပေးနိုင်တဲ့သူတွေဆိုရင်တော့သယ်သွားလို့ရတယ် သယ်ချင်ရင်ပိုက်ဆံတွေပေးရတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်း ကိုပြောသည်။

ဓာတ်ဆီ ဒီဇယ် ၉ ပေပါ သိမ်းယူသည့်အပြင် ဝယ်ယူသူကိုပါဖမ်းဆီးထားပြီး ဖေဖော်ဝါရီ ၁၉ မှသာ ပြန်လွတ်ပေးခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်ကလည်း ကျိုင်းခမ်းရွာနေ မောင်ရင်ထွေး၏စားသောက်ကုန်ပစ္စည်း ၈ သိန်းဖိုးကိုလည်း မှော်ဘီဂိတ်ကလုယူသိမ်းဆည်းခဲ့ကြောင်းသိရသည်။

ညောင်ရွှေမြို့နယ် အင်းလေးတောင်ပိုင်း မှော်ဘီရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ပြည်သူများသယ်ဆောင်လာသည့် ပစ္စည်းများကို မကြာခဏလုယူသိမ်းဆည်းမှုရှိနေပြီး တင်းကြပ်စွာ စစ်ဆေးနေကြောင်းလည်းသိရှိရပါသည်။

#ppv008

Leave a Reply

Your email address will not be published. Required fields are marked *