ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၉၊၂၀၂၄

စစ်ကောင်စီက အဆက်မပြတ် လက်နက်ကြီး ပစ်ခတ်မှု ကြောင့် ဆီဆိုင်မြို့သို့ပစ္စည်းပြန်ယူသည့် အရပ်သား ၈ ဦးထက် မနည်းထိခိုက်ဒဏ်ရာရခဲ့ကြောင်းဒေသခံတစ်ဦးထံမှသိရသည်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၆ နာရီအချိန်၌ မြောက်ဘက်မှ ဆီဆိုင်ဘက်သို့စစ်ကောင်စီက လက်နက်ကြီးဖြင့်အဆက်မပြတ် ပစ်ခတ်ပြီး ဝါးတောရွာအရပ်သားတို့ကိုထိမှန်ခဲ့သလို ဆီဆိုင်မြို့ ဘုရားဖြူရပ်ကွက် ၃ အတွင်းမှာလည်း လူနေအိမ်ထိမှန်မီးလောင်နေခဲ့ကြောင်းဆိုသည်။

“လက်နက်ကြီးထိတာ ဒါဏ်ရာပြင်းထန်တယ်လို့သိရတယ်။ လမ်းမလျောက်နိုင်တော့ဘူးတဲ့၊ တစ်ယောက် မှာလည်း လက်နက်ကြီးထိမှန်လို့ ခြေထောက်ပြတ်သွားတယ်။ ခုကူညီပေးတဲ့သူကသွားနေပြီ။”ဟုဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်း ကိုပြောသည်။

မနေ့ညကစပြီး စစ်ကောင်စီတပ်က လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်နေပြီး ယနေ့နံနက်ထိ ပစ်ခတ်မှုရှိနေဆဲဖြစ်ကြောင်းဆိုသည်။

ဒေသခံတစ်ဦးကလည်း”မနက်ကတော့အချက်အများကြီးကြားတယ်။ ကျရောက်နေတဲ့ရာအနီးမရှိတော့ကောင်းကောင်းမသိဘူး။ ဒဏ်ရာရသူကများတယ်တဲ့။ အချို့က ကားနဲ့တင်ပြီးပြေးပြီလို့ကြားတယ်။”ဟုဆိုသည်။

ယနေ့နံနက် ၆ နာရီအချိန်တွင် ဆီဆိုင်မြို့ထဲ လက်နက်ကြီးတစ်လုံးနှင့် ဝါးတောရွာအရှေ့ဘက်တစ်နေရာ တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်းစုံစမ်းသိရှိရသည်။

“စစ်ကောင်စီက လျောက်ပစ်နေတာ တိုက်ပွဲ လည်းမဖြစ်ဘူး ရမ်းသမ်းပစ်နေတာ”ဟု PNLA ပြောခွင့်ရသူ ကပြောသည်။

ယင်းလက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ အရေအတွက်နှင့် နေအိမ်မှုမီးလောင်မှုစ သည့် အသေးစိတ်အချက်အလက်ကိုခမ်းသားငေါဝ်းအနေဖြင့်သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကောင်စီတပ်သည် တော်လှန်ရေးအင်အားစုများရှိသည်ဟုယူဆကာ လက်နက်ကြီးဖြင့်နေ့စဥ် ရမ်းသမ်းပစ်ခတ်နေပြီး အပြစ်မဲ့အရပ်သားများသေဆုံးမှုဒဏ်ရာမှုရှိသလို နေအိမ်ပျက်စီးမှုလည်းရှိခဲ့သည်။

ပြီးခဲ့သောရက်ပိုင်းဖေဖော်ဝါရီ ၁၇ ရက်နေ့ည ၉နာရီ အချိန်တွင်လည်း လက်နက်ကြီးကြောင့် ထမ်းယံနှင့်ထီတမ်ကျေးရွာတွင်ကျရောက်ပေါက်ကွဲပြီး ကလေးငယ်ပါ အရပ်သား ၂ ဦးသေဆုံးပြီး အရပ်သား ၇ ဦးထိခိုက်ဒဏ်ရာရခဲ့သည်။

#PPV004

 

Leave a Reply

Your email address will not be published. Required fields are marked *