ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄

PNO အသွင်ပြောင်း ပြည်သူ့စစ် ( ဌာနေ ) တပ်ဖွဲ့ဝင်များအား စစ်ကောင်စီက လက်နက်တပ်ဆင်အပ်နှင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၇ ရက်နေ့က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ PNO အသွင်ပြောင်းပြည်သူ့စစ်( ဌာနေ ) တပ်ဖွဲ့ဝင်များအားလက်နက် တပ်ဆင်အပ်နှင်းခြင်းကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိုးလုံလေလုံအားကစားခန်းမ၌ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့် Telegram channel တွင်ဖော်ပြထားသည်။

အခမ်းအနားသို့ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုး၊ တိုင်းစစ်ဌာ နချုပ်မှ အရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ PNO အသွင်ပြောင်း ပြည်သူ့ စစ် ( ဌာနေ )တပ်ဖွဲ့ဝင်များ၊ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်နေ့တွင် လည်း ဟိုပုံးမြို့တွင် PNO အသွင်ပြောင်းပြည်သူ့စစ် ကို စစ်ကောင်စီက လက်နက်တပ်ဆင်အပ်နှင်းပွဲ ပြုလုပ်ခဲ့သေးကြောင်းသိရသည်။

ပအိုဝ်းဒေသ တွင် PNO အသွင်ပြောင်းပြည်သူ့စစ် က ပအိုဝ်းပြည်သူလူငယ်များကို ပြည်သူ့စစ်ထဲအတင်းအဓမ္မခေါ်ယူနေပြီး အချို့ဒေသတွင် လက်နက်ဝယ်ရန်ငွေကြေးကောက်ခံမှုများရှိနေကြောင်း ပြည်သူများထံသိရသည်။

#PNOအသွင်ပြောင်းပြည်သူ့စစ်
#ppv-002

Leave a Reply

Your email address will not be published. Required fields are marked *