ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄
ရှမ်းပြည်နယ် တောင်ပိုင်း တော်လှန်ရေး တပ်ဖွဲ့ SSRY Eagle Force က ရဲဘော်မန်းကီး ကျဆုံးခြင်း ၂ နှစ်ပြည့်လွမ်းဆွတ်အောက်မေ့သတိရခြင်း အထိမ်းအမှတ် ကိုလွတ်မြောက်နယ်မြေတစ်နေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရဲဘော်မန်းကီး အတွက် ဘုန်းကြီးကျောင်းသို့ဆွမ်းပို့ပေးခြင်းနှင့်အလေးပြုခြင်းအခမ်းအနားပြုလုပ်ခဲ့ ကြောင်းသိရသည်။
“ရဲဘော်မန်းကီး တာဝန်ကျေပါတယ် ကျွန်တော် တို့ SSRY Eagle Force ရဲဘော်တွေက တော်လှန်ရေး အပေါ်သစ္စာရှိပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်သည်အထိ တိုက်ပွဲဝင်သွားမယ်လို့ အဓိဌာန်ပြုပါတယ်” ဟု SSRY Eagle Force တာဝန်ရှိသူက ခမ်းသားငေါဝ်း ကိုပြောသည်။
ထို့အပြင် နွေဦးတော်လှန်ရေးသည် ရဲဘော်များ အသက်ပေါင်းများစွာရင်းနှီးထားရသည့် တော်လှန်ရေး တစ်ခုဖြစ်ပြီး တော်လှန်ရေး အတွင်းရှိ ရဲဘော်များနှင့် ပြည်သူများပါ နောက်ဆုံးအကြိမကတော်လှန်ရေးကိုအဆုံးထိပါဝင်းပေးရန်လည်းတိုက်တွန်းထားသည်။
ရဲဘော်မန်းကီး သည် ပြီးခဲ့သည့် ၂၀၂၂ခု နှစ်ဖေဖော်ဝါရီ ၁၇ ရက်နေ့ မိုးဗြဲ ဝါရီဆူးဖလိုင် ရထားသံလမ်းတိုက်ပွဲတွင် ကျဆုံးခဲ့ကြောင်းသိရသည်။
#ppv002