ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄

မဲနယ်တောင်ဒေသရှိကျေးရွာများအား စစ်ကောင်စီကလက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်ခြင်းပြုလုပ် နေကြောင်း ဖေဖော်ဝါရီလ(၁၇)ရက်နေ့က ဒေသခံတစ်ဦးပြောပြချက်အရသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသရှိ ကျေးရွာများအား ဖေဖော်ဝါရီလ (၁၆)ရက်နေ့ညတွင်စစ်ကောင်စီကလက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်နေကြောင်း သိရသည်။

“မနေ့ညကျွန်တော်တို့ရွာဘက်ကို စစ်ကောင်စီတပ်က အောက်မြေပြန့်ဘက်ကနေလက်နက်ကြီးနဲ့ လှမ်းထုတာ၊ လက်နက်ကြီးကရွာထိတော့မကျဘူး၊ တောတောင်မှာပုန်းခိုနေတဲ့လူနီးနားမှာကျတာ လူထိခိုက်တာတော့မရှိဘူး” ဟုဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ည(၁၀)နာရီဝန်းကျင်တွင် ဟိုနားကျေးရွာဘက်မှ စံဖူးကျေးရွာဘက်သို့ လက်နက်ကြီးဖြင့်လှမ်းပစ်လာပြီး ဒေသခံများသည်လည်းယနေ့နံနက်တွင် နေရာထပ်မံပြောင်းရွေ့လိုက်ရ ပြီဖြစ်ကြောင်း သိရသည်။

“လက်နက်ကြီးကတော့တောင်ကိုမကျော်ဘူး၊ ဘောလုံးကွင်းဘက်တောင်ပေါ်မှာပဲ ကျတာ” ဟု၎င်းကဆက်ပြောသည်။

စစ်ကောင်စီတပ်နှင့်PNOပြည်သူ့စစ်သည် ယခင်ကကျောက္ကဆျား ကျေးရွာတွင်တပ်စွဲနေရာယူထားပြီး ယခုချိန်၌စငေါကျေးရွာတောင်ပေါနှင့် ဟိုနား၊ ဟိုဟွေးကျေးရွာဘက်တွင် တပ်ဆုတ်ပြီးပြန်လည် နေရာယူထားကြောင်းသိရသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)သည်လည်း ယမန်နေ့ညပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့များက မဲနယ်တောင်ဒေသရှိကျေးရွာများအား လက်နက်ကြီးဖြင့်အချက်(၄၀)ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *