Month: February 2024

စစ်ကောင်စီကလေယာဥ်ဖြင့်မီးလောင်ဗုံးကြဲချ၍ ပင်လျမ်းဘုန်းတော်ကြီးကျောင်းမီးလောင်ပျက်စီး

ခမ်းသားငေါဝ်း ဖေဖော်ဝါရီလ ၂၈၊ ၂၀၂၄ တိုက်ပွဲ မဖြစ်ပွားဘဲ အကြောင်းမဲ့ စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်၍ ပင်လျမ်းဘုန်းကြီးကျောင်းမီးလောင်ပျက်စီးသွားကြောင်းသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ ပင်လျမ်းဘုန်းကြီးကျောင်းကို စစ်ကောင်စီက ယနေ့နေ့လည် ၁၂း၀၀ နာရီခန့်တွင် မီးလောင်ဗုံးဖြင့်…

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်​ဖြင့်ဗုံးကြဲမှုကြောင့် နားခုဲင်းရွာ အရပ်သားတစ်ဦးသေဆုံးပြီး နေအိမ် ၄ လုံးပျက်စီး

ခမ်သားငေါဝ်း ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက တိုက်လေယာဉ်​ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နားခုဲင်းရွာ အရပ်သားတစ်ဦးသေဆုံးပြီး နေအိမ် ၄ လုံးပျက်စီးသွားကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နားခုဲင်းကျေးရွာတွင် ယနေ့မနက်ပိုင်း ၉ နာရီခွဲ အချိန်က…

ဗုံးပေါက်ကွဲစထိမှန်ခဲ့သည့် ဆီဆိုင်ဒေသခံတစ်ဦး ဆေးကုရန် ငွေကြေးအကူအညီလိုအပ်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄ နေအိမ်သို့ပစ္စည်းများ ပြန်လာယူစဉ် ဒရုန်းဖြင့် ဗုံးကြဲခံရပြီး ကျောတွင်ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည့် ဆီဆိုင်မြို့နေ အမျိုးသမီးတစ်ဦး ဆေးကုသရန်ငွေကြေးအခက်ခဲရှိနေကြောင်းသိရသည်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် နေအိမ်ပစ္စည်းပြန်ယူစဉ် ဒဏ်ရာရရှိခဲ့ပြီး တောတောင်တွင်းသာ ရှောင်နေသောကြောင့် ဆေးကုသမှု…

မှော်ဘီကျေးရွာတောင်ဖက်ရှိ စစ်ဆေးရေးဂိတ်တွင် လက်နက်တင်ဆောင်လာသည့် ကားတစ်စီးဖမ်းမိ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄ မှော်ဘီစျေးနေ့တွင် မှော်ဘီကျေးရွာတောင်ဖက်ရှိ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် စစ်ဆေးရေးဂိတ်၌ တောင်ဖက်မှ လက်နက်တင်ဆောင်လာသည့် ကားတစ်စီး ဖမ်းမိခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်၊မှော်ဘီကျေးရွာရှိ အဝိုင်းပတ်တောင်ဖက်ရှိဂိတ်တွင် လက်နက်သယ်လာသောကားတစ်စီးကို ဖေဖော်ဝါရီလ၂၆ရက်နေ့က ဖမ်းမိခဲ့ကြောင်းသိရသည်။ “ကားက…

ဆီပန့်ဆိုင်ကြီးဆီပြတ်လပ်၍ လွိုင်လင်မြို့တွင် စက်သုံးဆီ တလီတာ ၅ ထောင်ကျော်ပေးဝယ်နေရ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ဒေသတွင် ယနေ့ဖေဖော်ဝါရီ ၂၈ ရက်၌ စက်သုံးဆီ ၁ လီတာ ၅ ထောင်ကျော်ပေးဝယ်နေရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ဟိုပုံးမြို့အရှေ့ဘက် လွိုင်လင်မြို့နယ် မိုင်းပွန်မြို့အနီးတွင် တိုက်ပွဲဖြစ်ပွားပြီး…

မှော်ဘီအဝိုင်းပတ်တောင်ဘက် စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာသူမှတ်ပုံတင်ထားခဲ့ရခြင်းကြောင့် ဒေသခံများ အခက်အခဲဖြစ်နေ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄ မှော်ဘီအဝိုင်းပတ်တောင်ဘက် စစ်ဆေးရေးဂိတ်တွင် မှတ်ပုံတင်ထားခဲ့ပြီးမှ ဖြတ်သန်းသွားလာနေရသောကြောင့် ဒေသခံများ အခက်အခဲဖြစ်နေကြောင်း ဖေဖော်ဝါရီလ(၂၈)ရက်နေ့တွင် ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှော်ဘီအဝိုင်းပတ်တောင်ဘက် စစ်ဆေးရေးဂိတ်တွင် ယခုရက်ပိုင်းအတွင်း ဖြတ်သွားလာပါက မှတ်ပုံတင်ထားခဲ့ပြီးမှသာ ဖြတ်သန်းသွားလာခွင့်ပြုကြောင်း…

ပအိုဝ်းအမျိုးသားဝတ်စုံကို စစ်ယူနီဖောင်းအဖြစ် အသုံးပြုမှုကို ပအိုဝ်းလူငယ်အချို့ ကန့်ကွက်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၇၊၂၀၂၄ PNO ပြည်သူ့စစ်သည် စစ်ရေးလေ့ကျင့်ခြင်းနှင့်စစ်သင်တန်းပေး ပြုလုပ်ရာတွင် ပအိုဝ်းအမျိုးသားဝတ်စုံကို စစ်ယူနီဖောင်းအဖြစ် အသုံးပြုမှုအပေါ် ပအိုဝ်းလူငယ်များအချို့က ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြကြောင်း သိရသည်။ ပအိုဝ်းဒေသတွင်း လူငယ်လူရွယ်များကို ပြည်သူ့စစ် အဖြစ်ခေါ်ယူစုဆောင်းပြီး ပအိုဝ်းရိုးရာဝတ်စုံဖြစ်သည် အပေါ်အကျီ…

မိုင်းပွန်မြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပြတ်တောက်နေ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပွန်မြို့တွင် ဖေဖော်ဝါရီ ၂၇ ရက်နေ့ကစပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ဟိုပုံးနှင့် မိုင်းပွန်မြို့ကြားက တိုက်ပွဲများကြောင့် မိုင်းပွန်မြို့တွင် Mytle ၊Atom…

ယာဥ်မတော်တဆအဖြစ်များသောကြောင့် ကျောက်တန်း ပင်လုံလမ်းယာယီပိတ်ထားဟုသိရ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၇၊၂၀၂၄ ဟိုပုံးမြို့နယ်အရှေ့ဘက်ရှိ ထမ်းစန်းဂူမှ ပင်လုံသို့ဆက်သွယ်ထားသော ကျောက်တန်းလမ်းပိုင်းတွင် ယာဥ်မတော်တဆ ဖြစ်ပွားမှုများနေသည့်အတွက် ယာယီပိတ်ထားကြောင်း ပင်လုံဒေသခံထံမှသိရသည်။ ယင်းကျောက်တန်းလမ်းတွင် ယာဉ်အသွားအလာများပြီး ဖေဖော်ဝါရီ ၂၃၊ ၂၄ ရက်တို့တွင် ယာဉ်မတော်တဆ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေများနေသည့်အတွက်…

စငေါကျေးရွာအုပ်စု တဖူကဲင်းရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄ စငေါကျေးရွာအုပ်စု တဖူကဲင်းရွာတွင်ဖေဖော်ဝါရီလ (၂၆)ရက်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် စငေါကျေးရွာအုပ်စုတဖူကဲင်း ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က တိုက်လေ ယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ပြီး…