ဖမ်းဆီးခံရသည့် PNLO တောင်ကြီးဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးခွန်မင်းသိမ်းအပါ(၃)ဦးပြန်လွတ်လာ
ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၂၊ ၂၀၂၄ ဖမ်းဆီးခေါ်ဆောင်သွားသည့် PNLO ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးခွန်မင်းသိမ်းအပါ (၃)ဦးကို ဒီကနေ့ ပြန်လွတ်လာပြီဖြစ်ကြောင်းသိရသည်။ ခေါ်ယူဆွေးနွေးညှိနိုင်းရန်လိုအပ်ခြင်းကြောင့် ဇန်နဝါရီ ၂၁ ရက်က စရဖမှ ခေါ်ဆောင်သွားသည့် PNLO ဆက်ဆံရေးရုံးတာဝန်ခံအပါ ၃ ဦးကို ဆွေးနွေးညှိနိုင်းပြီး၍ ပြန်လည်လွှတ်မြှောက်လာပြီဖြစ်ကြောင်း သိရသည်။ “မနေ့က ခေါ်ယူညှိနိုင်းဆွေးနွေးပြီး ဒီနေ့မနက်ပြီးဆုံးလို့ ပြန်ရောက်ပြီ”ဟု ပအိုဝ်းအမျိုးသား…