ဆီဆိုင်မြို့ပေါ် စစ်ကောင်စီ လေယာဥ် ပျံဝဲပြိီးခြိမ်းခြောက်သည့်အတွက် ဒေသခံများ တစ်မြို့လုံးနီးပါးထွက်ပြေးတိမ်းရှောင်
ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၄၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် ယနေ့နေ့လည်ပိုင်းတွင် စစ်ကောင်စီက လေယာဥ် ဖြင့် မြို့ပေါ်ပျံဝဲပြီးခြိမ်းခြောက်နေခြင်းကြောင့် ပြည်သူများတစ်မြို့လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။ ဆီဆိုင်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ မြို့ကိုစွန့်ခွါပြီ အခြားမြို့နယ်သို့ရှောင်တိမ်းနေကြပြီးဖြစ်ကြောင်းသိရသည်။ “အခုတော့…