ဆီဆိုင်မြို့တွင် လက်နက်ကြီးထိမှန်သည့်ဒေသခံ အမျိုးသမီးတစ်ဦး ဆေးကုသရန်အခက်ခဲရှိနေ
ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၉၊ ၂၀၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်ထားသည့် ဒေသခံ အမျိုးသမီးတစ်ဦး ဆေးကုသရန်ခက်ခဲရှိနေ ကြောင်းသိရသည်။ ထိုအမျိုးသမီးသည် ယခုဆီဆိုင်မြို့နယ်တောတွင်း တစ်နေရာတွင် စစ်ရှောင်နေရပြီး စစ်ရှောင်သည့်နေရာတွင်လည်း ဆေးဝါးများမရှိကြောင်း သိရသည်။ “ခြေဖမိုးကနေ ခြေဖဝါးအထိ ဖြတ်ဖောက်တာ သွေးတိတ်အောင်နဲ့ ပိုးမဝင်အောင်ပဲ အရက်ပြန်နဲ့ ဆေးပြီး ဆေးနီထည့်တဲ့ ရှေ့ဦးသူနာပြုစုနည်းနဲ့ပဲ ကုသ…