Month: January 2024

ဒီဇင်ဘာလအတွင်း ခိုးဆိုးလုယက်မှု ဓားပြတိုက်သတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်ပွားပြီး အရေးယူဆောင်ရွက်မှုမရှိ ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၊၂၀၂၄ ရှမ်းတောင်ရှိ မြို့နယ်များတွင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ခိုးဆိုးလုယက်မှု ဓားပြတိုက်သတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ပင်လုံမြို့နယ် နှင့် ဟိုပုံးမြို့နယ်များတွင် ခိုးဆိုးလုယက်မှုများ၊ ဓားပြတိုက်ပြီး သတ်ဖြတ်မှုများဆက်တိုက်ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာများမှလည်း အရေးယူ ဖမ်းဆီးမှုများ အားနည်းနေခဲ့ကြောင်း သိရသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းတွင် တရားဥပဒေစိုးမိုးမှု…

ပင်လောင်းမြို့နယ်ရှိ စစ်ရှောင်များအတွက် စားနပ်ရိက္ခာ နှင့် အသုံးအဆောင်များ အရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၊၂၀၂၄ ပင်လောင်းမြို့နယ်ရှိ စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ၊ စောင်၊ အနွေးထည်နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်တစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တောင်ဖက်ခြမ်းရှိ စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ၊ စောင်၊ အနွေးထည်နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်တစ်ဦးက ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြောဆိုသည်။ အဆိုပါစစ်ရှောင်များသည် ၎င်းတို့မှ ပါ‌‌လာသော ဆန်များမှာ…

ဘော်ဆိုင်းတွင် ရဲနှင့်အုပ်ချုပ်ရေးမှူးများလိုင်းကြေးယူပြီး လောင်းကစားဝိုင်းဖွင့်ပြီးပြုလုပ်နေ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ဘော်ဆိုင်းဒေသတွင် နယ်မြေရဲနှင့် အုပ်ချုပ်ရေးမူး ကလိုင်းကြေးရရယူပြီး လောင်းကစားဝိုင်းများတရားဝင် ဖွင့်ခွင့်ပေးထားကြောင်း သိရသည်။ အထက ၆ ကျောင်းရံပုံငွေနှင့် ပြည်တော်သာရပ်ကွက် ဓမ္မာရုံ တည်ဆောက်ရန် အကြောင်းပြပြီးတရားဝင်ပုံစံနှင့် လွတ်လွတ်လပ်လပ် လောင်းကစားဝိုင်းဖွင့်လှစ်နေကြသည်ဟု သတင်းရင်းမြစ် ကခမ်းသားငေါဝ်းကိုပြောသည်။ “ပြုလုပ်နေတာကြာပါပြီ အရင်ကလည်း ၆ လလောက်လုပ်တယ် ခုအထက(၆)ရံပုံငွေ တစ်ရက်တစ်သိန်းပေးတယ်…