Month: January 2024

စစ်ကောင်စီကြောင့်သေဆုံးရသည့် အမျိုးသမီး ၃၃ ဦးအနက် ရှမ်းပြည်နယ်မှ ၄ ဦးပါဝင်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၄၊၂၀၂၄ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေကြောင်းဖြင့်တိုက်ခိုက်ခြင်းကြောင်း ဒီဇင်ဘာ တစ်လအတွင်း နိုင်ငံတဝန်း အမျိုးသမီးသေဆုံးမှု ၃၀ ကျော်ရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ ထုတ်ပြန်ချက်အရ သိရသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကြောင်း ၂၀၂၃ ဒီဇင်ဘာလ တစ်လအတွင်းတွင် နိုင်ငံတဝန်းအမျိုးသမီး ၃၃ ဦး သေဆုံးခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားပါသည်။ စစ်ကောင်စီကြောင့် သေဆုံးရသည့်…

စစ်ကောင်စီအား ယခုချိန် မည်သည့်နေရာတွင် တိုက်တိုက်အနိုင်ရရန် အခြေနေကောင်းသည် ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၄၊၂၀၂၄ လက်ရှိရရှိထားသည့် အောင်မြင်မှုများထက် နှစ်ပေါင်းများစွာအတွင်း ရရှိထားပြီးဖြစ်သော အတွေ့အကြုံ၊ သင်ခန်းစာများကို ကောင်းစွာသိနားလည်ထားခြင်းက ပို၍အရေးကြီးသည်ဟု ညီနောင်မဟာမိတ်(၃)ဖွဲ့က ယမန်နေ့ ဇန်နဝါရီလ(၃)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားပါသည်။ လက်ရှိရရှိထားသောအောင်မြင်မှုများထက် တစ်ရက်ပြီးတစ်ရက် အခြေနေဆိုးဝါးလာသည့် စစ်ကောင်စီအား ကြမ္မာညင်ခွင့်သာပေးကာ မိမိတို့အပေါ်တန်ပြန်တိုက်စစ်အတွက် မည်သည့်အခွင့်အရေးမျှ ပေး၍မရဆိုသည်ကို နှစ်ပေါင်းများစွာအတွင်း ရရှိထားပြီးဖြစ်သော အတွေ့အကြုံ၊ သင်ခန်းစာများအား ကောင်းစွာသိနားလည်ထားခြင်းက ပို၍အရေးကြီးကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က…

စစ်ကောင်စီ၏ ချင်းလက်ဝစခန်းကို AA သိမ်းပိုက်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၄၊၂၀၂၄ ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ၏ ချင်းလက်ဝစခန်းကို ရက္ခိုင့်တပ်တော် AA မှ ယမန်နေ့ ဇန်နဝါရီလ ၃ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။ ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ၂၀၂၄ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၂ ရက်နေ့တွင် စစ်ကောင်စီ၏ ခမောင်းဝစခန်းကို သိမ်းပိုက်နိုင်ခဲ့သလို တဆက်တည်းတွင်…

ရန်ကုန်-မန္တလေးလမ်းဟောင်းအနီးရှိ စစ်ကောင်စီတပ်၏ ကာကင်းစခန်း (၈)ခုကို (K.N.L.A)ချေမှုန်းရှင်းလင်း

ခမ်းသားငေါဝ်း ဇန်နဝါရီ ၄၊၂၀၂၄ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ကညွတ်ကွင်းမြို့အနီးရှိ တောင်ဂုန်းတဲရွှာအနီးမှ စစ်ကောင်စီတပ်၏ ကာကင်းစခန်း (၈) ခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ဦးဆောင်ပြီး လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့များနှင့် ပူးပေါင်း တပ်များက တိုက်ခိုက်ချေမှုန်း ရှင်းလင်းခဲ့ကြောင်း ကေအဲန်ယူက ယနေ့တွင် ထုတ်ပြန်ထားပါသည်။ ယနေ့ ဇန်နဝါရီလ(၄)ရက်နေ့တွင် ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ရထားလမ်းနှင့် စစ်ကောင်စီ၏ စခန်းအနီးအနားတွင်…

စစ်ကောင်စီတပ်က မြေပြင်၌ အသာစီးမရသဖြင့် လက်နက်ကြီးရာချီပစ်ခတ်ပြီး ပြည်သူကိုခြိမ်းခြောက်‌နေ ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၃၊၂၀၂၄ ကယား(ကရင်နီ)ပြည် မြို့တော်လွိုင်ကော်အတွင်း စစ်ကောင်စီတပ်က မြေပြင်၌ အသာစီးမရသဖြင့် လက်နက်ကြီးရာချီပစ်ခတ်ပြီး ပြည်သူကိုခြိမ်းခြောက်‌နေခြင်းဖြစ်ကြောင်း KNDF သတင်းပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။ ဇန်နဝါရီ ၁ ရက်နေ့တွင် လွိုင်ကော်မြို့အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီ၏ ခလရ ၂၅၀ တပ်မှ ၁၂၀၊ ၁၂၂ မမ လက်နက်ကြီးများဖြင့် အကြိမ်ရေ ၁၀၀ ကျော်ပစ်ခတ်မှုကြောင့် ရပ်ကွက်အတွင်းလူနေအိမ်များ…

တော်လှန်ရေးအင်အားစုများ မဟာဗျူဟာမြောက်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရန် အထူးလိုအပ်ကြောင်း PNFC ဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၃၊၂၀၂၄ တော်လှန်ရေးအောင်ပွဲ မြန်မြန်ဆန်ဆန်ရရှိရန် စစ်ကိုင်းဖိုရမ်အပါအဝင် တော်လှန်ရေးအင်အားစုများက Strategic Communication -မဟာဗျူဟာမြောက်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရန် အထူးလိုအပ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ဒီမိုကရေစီ (PNFC)က ယနေ့ဇန်နဝါရီလ(၃)ရက်နေ့တွင် ဆိုထားပါသည်။ မိမိတို့၏ တော်လှန်ရေးအောင်ပွဲ မြန်မြန်ဆန်ဆန်ရရှိရေး၊ ပီပြင်ခိုင်မာသောအောင်ပွဲဖြစ်ရေးအတွက် စစ်ကိုင်းဖိုရမ်အပါအဝင် တောင်လှန်‌ရေးအင်အားစုများအားလုံးက Strategic Communication -မဟာ ဗျူဟာမြောက်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရန် အထူးလိုအပ်ကြောင်း ဒုတိယအကြိမ် စစ်ကိုင်းဖိုရမ်သို့ ပေးပို့သည့်ဂုဏ်ပြုသဝဏ်လွှာတွင် (PNFC)က…

စစ်ကောာင်စီတပ်က ပြည်ထောင်စုလမ်းမကြီးကို ပိတ်ထားသဖြင့် ဖယ်ခုံမြို့ထဲ ဒေသခံများ ပိတ်မိနေ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၃၊၂၀၂၄ စစ်ကောာင်စီတပ်က ပြည်ထောင်စု လမ်းမကြီးကို ပိတ်ထားသဖြင့် ဖယ်ခုံမြို့ထဲ ဒေသခံများ ပိတ်မိနေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် တိုက်ပွဲပြင်းထန်‌ပြီး စစ်ကောင်စီ ပစ်ခတ်သည့်လက်နက်ကြီးထိမှန်မှုကြောင့် ကုန်ဆုံကျေးရွာ ဘုန်းကြီးကျောင်း ပျက်စီးကာ၊ မထွက်နိုင်သည့် ဒေသခံများစွာလည်း ပိတ်မိနေသေးကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ လက်ရှိတွင် စစ်ကောာင်စီတပ်သည် ဖယ်ခုံမြို့နယ် ကုန်ဆုံကျေးရွာ မှ…

ပင်လုံဓားပြတိုက်မှုတွင် တရားခံကို ဖမ်းမိခြင်းမရှိသေးသောကြောင့် ဒေသခံများစိုးရိမ်နေရ ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၃၊၂၀၂၄ ပင်လုံမြို့ ဖြစ်ပွားခဲ့သည့် ဖုန်းဆိုင်ဓားပြတိုက်လူသတ်မှုတွင် ယနေ့အထိ တရားခံကို ဖမ်းမိခြင်း မရှိသေးသောကြောင့် မြို့ခံပြည်သူများက လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်နေ့၌ ဖုန်းဆိုင်တစ်ဆိုင်ဓားပြတိုက်ခံရပြီး ပိုင်ရှင်ဦးတင်ထွန်း နှင့် ဆိုင်ဝန်ထမ်းအပါအဝင် လူ ၄ ဦးကို ဓားပြအဖွဲ့က ပစ္စတိုသေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွားပြီးနောက် လက်ရှိတွင်…

လိမ္မော်သီး အဆမတန်ဈေးကျသဖြင့် လိမ္မော်သီးစိုက်တောင်သူများ အခက်ခဲကြုံတွေ့နေရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၃၊၂၀၂၄ ယခုနှစ်တွင် လိမ္မော်သီး အဆမတန်ဈေးကျသဖြင့် လိမ္မော်သီးစိုက်ပျိုး‌တောင်သူများအတွက် အခက်ခဲကြုံတွေ့နေရကြောင်း လိမ္မော်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်ရှိ လိမ္မော်သီးစိုက်ပျိုး‌တောင်သူများသည် ယခုနှစ်တွင် လိမ္မော်သီး အဆမတန်ဈေးကျသဖြင့် အခက်ခဲကြုံတွေ့နေရကြောင်း လိမ္မော်စိုက် တောင်သူတစ်ဦးက ဇန်နဝါရီ ၃ ရက်နေ့တွင် ပြောဆိုသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းတွင် စားသုံးကုန်အမျိုးမျိုး ကုန်ဈေးနှုန်းအဆမတန်မြင့်တက်လာပြီး စိုက်ပျိုးသီးနှံ့ထွက်ကုန်များက ဈေးကောင်းမရသဖြင့် လိမ္မော်စိုက်တောင်သူများစားဝတ်နေရေးအခက်ခဲကြုံတွေ့နေရကြောင်း…

ပင်လုံမြို့တွင်း အမြန်မောင်းနှင်သည့်တွဲကားများကိုထိရောက်သည့်အရေးယူမှု ပြုလုပ်ပေးစေလို ဟု ဒေသခံများ ပြောဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၊၂၀၂၄ ပင်လုံမြို့တွင်း မြို့ကိုဖြတ်မောင်းနှင်သည့်တွဲကားများသည် အရှိန်မလျော့ပဲ အမြန်မောင်းနှင်နေကြပြီး အန္တရာယ်ရှိနိုင်သဖြင့် အဆိုပါတွဲကားများကို ထိရောက်သည့်အရေးယူမှု ပြုလုပ်‌ပေးစေလိုကြောင်း ပင်လုံမြို့ခံများက ပြောဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့အတွင်း ယနေ့ ဇန်နဝါရီ ၂ ရက်နေ့ နံက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် ပင်လုံမြို့ရှိ မဟာရဋ္ဌာဘိသာမဂ္ဂီဘုရားရှေ့နှင့် ရေကန်ရှေ့တွင် တွဲကား ၆ စီးက…