Month: January 2024

တောင်ကြီးမြို့အနီးရှိ ကျေးရွာများတွင် ပတ်စပို့အကြောင်းပြုပြီး ဒေသခံများထံ ငွေကြေးလိမ်လည်မှုဖြစ်ပွား

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၀၊၂၀၂၄ တောင်ကြီးမြို့အနီးရှိ ကျေးရွာများတွင် နိုင်ငံခြားသွားရန် နိုင်ငံကူးလက်မှတ်ပတ်စပိုစ့်၊ ပီဇာ လုပ်​ပေးမည်ဟုဆိုကာ ဒေသခံလူငယ်များထံ ငွေလိမ်လည်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရပါသည်။ တောင်ကြီးမြို့အနီးရှိ ထီသိမ်၊ ထီခုံး၊ ဖက်ကွန်၊ ရေတံခွန်၊ နတ်ကန်၊ ပလီလင်းနှင့် ပေါမူကျေးရွာများတွင် နေထိုင်သည့် လူ(၁၀၀)ကျော်ထံမှ တစ်ဦးလျှင် ငွေ ၈ သိန်းကျပ် ငွေကြေးလိမ်လည်ခံရကြောင်း လိမ်လည်ခံရသူနှင့် နီးစပ်သူတစ်ဦးက ယနေ့…

တီကျစ်ဒေသရောက် ကရင်နီပြည်စစ်ရှောင်များအတွက် PNFC မှတဆင့် ကိုရီးယားရောက် ဂီတအဖွဲ့ကကူညီထောက်ပံ့

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၀၊ ၂၀၂၄ လိုအပ်ချက်များစွာရှိနေသည့် တီကျစ်ဒေသရောက် ကရင်နီပြည်နယ်မှ စစ်ရှောင်များကို ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC မှတဆင့်ချိတ်ဆက်ပြီး ကိုးရီးယားရောက် နွေဦးဂီတအဖွဲ့က ကူညီပေးခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တီကျစ်ဒေသရောက် စစ်ရှောင်များအတွက် ဆန်၊ဆီ၊ဆား အမျိုးသမီးအသုံး အဆောင်များကို ကိုးရီးယားနိုင်ငံရောက် နွေဦးဂီတအဖွဲ့က ဂီတရန်ပုံငွေရှာပြီး ဇန်နဝါရီ ၉ ရက်နေ့က ထောက်ပံလှူဒါန်းပေးခဲ့ကြောင်းသိရသည်။ ‘’ ကျွန်တော်တို့တွေဟာ တော်လှန်ရေးတစ်ခုထဲပဲ…

စစ်ကောင်စီကြောင့် ၉ ရက်အတွင်း နိုင်ငံတဝန်းရှိပြည်သူအယောက် ၄၀ သေဆုံး

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၀၊၂၀၂၄ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၄ ခုနှစ် ၉ ရက်တာအတောအတွင်း စစ်အုပ်စု နှင့် ၄င်းတို့လက်ပါးစေကြောင့် နိုင်ငံတဝန်းရှိ ပြည်သူ (၄၀) ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ စစ်ကောင်စီအုပ်စုကြောင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၉ရက်နေ့အထိ နိုင်ငံတဝန်းရှိပြည်သူအယောက် ၄၀ သေဆုံးမှုတွင် စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုလည်းပါဝင်ကြောင်း နိုင်ငံရေးအကျည်းသားများ…

ရွာငံတွင် ရွာမှနှင်ထုတ်ခံရသည့် CDMကျောင်းဆရာမတစ်ဦး အခက်ခဲရင်ဆိုင်နေရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၀၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် အနောက်ပိုင်း ကျေးရွာတစ်ရွာတွင် ရွာမှနှင်ထုတ်ခံရသည့် CDM ကျောင်းဆရာမတစ်ဦး အခက်ခဲများ ရင်ဆိုင်နေရကြောင်း နီးစပ်သူတစ်ဦးထံမှ သိရသည်။ ပျူစေားထီးအဖွဲ့များက အဆိုပါဆရာမသည် PDF များကို ထောက်ပံ့သည်ဟု စွပ်စွဲပြီး ပျူစောထီးက ရွာခံများအား စစ်ဆေးမေးမြန်းမှုပြုပြီးနောက် ရွာခံများက CDM ဆရာမကို ရွာမှနှင်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ကျောင်းဆရာမနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။ “ပျူစေားထီးက…

ဖယ်ခုံမြို့တွင်း ပိတ်မိနေသူများကို လာကူညီသည့် စက်လှေများအား စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၉၊၂၀၂၄ ဖယ်ခုံမြို့တွင်း ပိတ်မိနေသူများကို လာကူညီသည့် စက်လှေများအား စစ်ကောင်စီက လေကြောင်းဖြင့် ပသ်ခတ်ခဲ့ကြောင်း သတင်းရင်းမြစ်ထံမှသိရသည်။ ပိတ်မိနေသူများကို ယနေ့တွင်ဖယ်ခုံမြို့အရှေ့ဖက်ကမ်းရှိ လွယ်ပေါ ကျေးရွာနှင့် ဆင်ဖြူကျေးရွာများမှ စက်လှေများက သွားရောက်ကူညီခဲ့ရာ ဖယ်ခုံမြို့ လှေဆိပ် မရောက်မီ စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ လှေဆိပ်တွင် တစ်ဖက်ကမ်းကူးနိုင်ရန် လှေစောင့်နေသည့် အရပ်သားများကိုလည်း စစ်ကောင်စီတပ်က…

ပင်လောင်းတွင် သူခိုးလုယက်မှု၊ ဓါးပြတိုက်မှုများ တစ်နေ့ထက်တစ်‌နေ့ ပိုများလာ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၉၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် သူခိုး၊ဓားပြ၊လုယက်မှုများ ပိုမိုများပြားလာကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ သူခိုးများသည် လက်ဖက်၊ ငရုတ်သီး၊ အာလူး၊ဆိုင်ကယ်များ ခိုးယူမှု ဆိုးဆိုးရွားရွား အခြေအနေရှိလာနေပြီး ဒေသခံများ အခက်ခံကြုံတွေ့ စေရကြောင်းဆိုသည်။ “လက်ဖက်၊ငရုတ်သီးတို့ဆို အိမ်မှာလူမရှိရင် မလှန်းရဲတာ့ဘူး။ ခိုးပြီဆိုလည်းကိုယ်လှန်းထဲ့ထားတဲ့ ဖျာကိုတောင် မပြီး ခိုသွားတယ်။ အရမ်းဆိုးတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။…

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီလေကြောင်းတိုက်ခိုက်သဖြင့် ဒေသခံအမျိုးသမီး ၄ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇန်နဝါရီ ၉၊၂၀၂၄ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအား စစ်ကောင်စီလေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင်း ဒေသခံအမျိုးသမီး ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် တအောင်းဒေသရှိ မိုင်းယော်ကျေးရွာကို ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့ ညနေ ၉ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်မှ Jet Fighter အသုံးပြုပြီး ဖျက်အား ပေါင် (၅၀၀) ဗုံးဖြင့်…

ကွတ်ခိုင်မြို့ကို TNLA က(၈ )ရက်ကြာ တိုက်ခိုက်ပြီးအလုံးစုံ သိမ်းပိုက်နိုင်ခဲ့

ခမ်းသားငေါဝ်း ဇန်နဝါရီ ၈၊ ၂၀၂၄ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ကိုတအာင်းတပ်မတော် TNLAတပ်က ၈ ရက်ကြာအချိန်ပေးတိုက်ခိုက်ခဲ့ပြီး အလုံးစုံသိမ်းပိုက်ခဲ့ကြောင်းသိရသည်။ ကွတ်ခိုင်မြို့အတွင်း အခြေချလှုပ်ရှားသော စစ်ကောင်စီ၏ ဗျူဟာတပ်စခန်းအပါ ၂၄၁၊၂၄၂တပ် နှင့် ၄၈ တပ်တို့ကို တိုက်ခိုက်ပြီး မနေ့ည ၇ နာရီအချိန်တွင် အပြီးသတ်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့သည်။ “ကွတ်ခိုင်ကတော့ မနေ့ညက ကျွန်တော်တို့အဖွဲ့တွေက အားလုံးစုံနယ်မြေရှင်းလင်းနိုင်ခဲ့ပြီဖြစ်တယ်၊ အသေးစိတ်ကိုတော့ အတိကျမသိသေးဘူး။”ဟု TNLA…

သိန္နီမြို့ စကခ ၁၆ ဧရိယာတခုလုံးကို တခုမကျန် အောင်မြင်စွာသိမ်းပိုက်ရရှိဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၈၊ ၂၀၂၄ သိန္နီမြို့ရှိ စကခ ၁၆ ၏ဧရိယာတခုလုံကို တစ်ခုမကျန်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLAက ထုတ်ပြန်လိုက်သည်။ ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့ရှိ စစ်ကောင်စီ စကခ ၁၆ ကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA၊ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF နှင့် မြောက်ပိုင်းညီနောင်သုံး ဖွဲ့ဖြစ်သည့် TNLA,MNDAA,AA တို့နှင့်ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ဇန်နဝါရီ ၁ရက်နေ့က…

တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်က နေအိမ်တစ်လုံးဖောက်ထွင်းခိုးခံရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၈၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ဘုရားဖြူရပ်ကွက် နယ်မြေ ၁ ရွာသစ်ကုန်းအတွင်း၌ ယနေ့ဇန်နဝါရီလ ၈ ရက်နေ့ လူနေအိမ်တစ်လုံးဖောက် ထွင်းခံရပြီး ပစ္စည်းခိုးခံရမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြစ်စဥ်သည် ယနေ့နံနက် ၉ နာရီဝန်းကျင်အချိန်တွင် ပညာဗောဓိလမ်း လမ်းခွဲ (၄) နေအိမ်တစ်အိမ် အတွင်းကို သူခိုးများမှ လာရောက်ဖောက်ထွင်းပြီး အိမ်တွင်းရှိတန်ဖိုးရှိပစ္စည်းများ ထည့်ထားသော သေတ္တာအလုံးလိုက်အခိုးခံရခဲ့ရကြောင်းရပ်ကွက်ခံများထံမှသိရသည်။ “အိမ်ရှင်အမျိုးသမီးက အပြင်ထွက်တာ…

You missed