ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၉၊ ၂၀၂၄
PNO ပြည်သူ့စစ်တပ်သားတစ်ဦးက ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးအဖွဲ့ချုပ် PNLO/PNLA ထံ လက်နက် နှင့်အတူခိုလှုံလာခဲ့ကြောင်း သတင်းရင်းမြစ်ထံမှသိရသည်။
ဇန်နဝါရီ ၂၈ ရက်တွင် PNO တပ်သားတစ်ဦးက အမှန်တရားဘက်တော်သားဘက်ရပ်တည်ရန်နှင့် ပအိုဝ်း လူမျိူးအချင်းချင်း မတိုက်ချင်သောကြောင့် လက်နက်အပ် ကူးပြောင်းခိုလှုံ ခဲ့သည်ဟု သိရသည်။
“လက်ရှိတော်လှန်းက ပအိုဝ်းအချင်းချင်းတော်လှန်တာမဟုတ်ဘူး စစ်အာဏာရှင် ကိုတော်လှန်တာ အဲကြောင့်မို့လို့ အမြင်မှန်ရလို့ ကူးပြောင်းလာတာဖြစ်တယ်လို့သိရတယ်”ဟု သတင်းရင်မြစ် ကပြောသည်။
PNLA အနေဖြင့်လည်း လက်ရှိတိုက်ပွဲဖြစ်ပွားခြင်းသည် ပအိုဝ်းအချင်းချင်းတိုက်ခိုက်ခြင်းမဟုတ်ဘဲ ပြည်သူလူ ထုတစ်ရပ်လုံး လိုလားတောင်းတသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုဖော်ဆောင်နိုင်ရေးအတွက် တိုက်ပွဲဝင်ခြင်းဖြစ်ကြောင်းပြောဆိုထားသည်။
ဇန်နဝါရီလ၂၈ ရက်နေ့ PNLO/PNLA ထုတ်ပြန်ချက်တွင်အရသည်လည်း မိမိတို့အနေဖြင့် ပအိုဝ်းအမျိုးသားအချင်းချင်း တိုက်ခိုက်မည်မဟုတ်ပါဟုဖော်ပြထားသည်။
ထို့အပြင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်ယန္တရားကို လည်ပတ်စေသည့် အသုံးချခံဘဝမှ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံးကူးပြောင်းရပ်တည်ကြရန်လည်းတိုက်တွန်းပြောဆိုထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *