ခမ်းသားငေါဝ်း
ဇန်နဝါရီ ၃၀၊၂၀၂၄
အာဏာရှင်စနစ်ကို ရည်ရွယ်ချက်တူ မိတ်ဆွေများနှင့်အတူပူးပေါင်းကာ တိုက်ထုတ်ဆန့်ကျင်ပြီး တန်းတူရေးကိုအခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း SSPP က ဆိုသည်။
တန်တူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုတည်ဆောက် သွာမည်ဟု ရှမ်းပြည်တပ်မတော် SSPP ဗဟိုကော်မတီမျက်နှာစုံညီ အစည်းအဝေးမှ ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အာဏာရှင်စနစ်နှင့်လူမျိုးကြီးဝါဒ၊ နယ်မြေကျဲထွင်ရေးဝါဒဆန့်ကျင်ပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်နိုင်မှသာလျင် ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်သည့် ဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုတည်ထောင်နိုင်မည်ဟု ဆိုထားသည်။
ထို့အပြင် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်နိုင်ဖို့အတွက် ရည်မှန်းချက်တူ၊ ရည်ရွယ်ချက်တူညီသည့် မိတ်ဆွေများနှင့်အတူ ချီတက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။