ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၉၊ ၂၀၂၄
ဆီဆိုင်မြို့တွင် စစ်ကောင်စီက လက်နက်ကြီးနှင့် လေယာဥ် ဗုံးကြဲမှုပြုလုပ်နေဆဲဖြစ်ပြီး လုံခြုံမှုအားနည်းနေဆဲကြောင့် ပြည်သူများအနေဖြင့် နေအိမ်ပြန်ခြင်း ပစ္စည်းသယ်ခြင်းမပြုလုပ်ရန် PNLO မေတ္တာ ရပ်ခံထားသည်။
မိဘပြည်သူများအနေဖြင့် မလိုလားသည့်ထိခိုက်မှုများမဖြစ်စေရန် ဆီဆိုင်မြို့အတွင်းသို့ ဝင်ရောက်ခြင်း နေအိမ်ပြန်ကြည့်ခြင်း ပစ္စည်းများပြန်သယ်ခြင်းများ မပြုလုပ်ကြသေးရန် နှင့် လုံခြုံဘေးကင်းသည့် နေရာများတွင် ခေတ္တခိုလှုံနေထိုင်ကြရန် ယနေ့ရက်စွဲဖြင့် မေတ္တာရပ်ခံတိုက်တွန်းထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့မှစတင်ပြီး စစ်ကောင်စီမှ လေကြောင်းဖြင့် ပစ်ခက်တိုက်ခိုက်မှုကြောင်း ဒေသခံနေအိမ်နှင့် စာသင်ကျောင်းအပါအဝင်၊ ဘာသာရေးအဆောက်အဦးများထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။
ဇန်နဝါရီလ ၂၇ ရက်နေ့ မှ ၂၈ ရက်နေ့အတွင်း စစ်ကောင်စီမှ မီးလောင်ဗုံးဖြင့် ကြဲချမှု နှင့် တိုက်ပွဲဖြစ်ပွါးမှုမရှိဘဲလက်နက်ကြီး ဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်ဆိုင်ခန်းများ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဆီဆိုင်မြို့နယ်အတွင်း လက်နက်ကြီးနှင့် လေယဥ်ဗုံးကြဲခြင်းကြောင့် နေအိမ်အဆောက်အဦး ပျက်စီးခြင်းအသေးစိတ်ကို သိရှိနိုင်ခြင်းမရှိသေးပါ။
လက်ရှိတွင် ဘာသာရေးအဆောက်အဦး (၂)လုံး စာသင်ကျောင်း (၁)ကျောင်း၊ မဲဟဲရွာက လူနေအိမ်
(၁) လုံးနှင့် ဆီဆိုင်စျေးအရှေ့ဘက်ရှိ စားသောက် ဆိုင်တန်းနှင့်နေအိမ်မီးလောက်ပျက်စီးသွားပြီဖြစ်ကြောင်းသိရသည်။
PNLO/PNLA အနေဖြင့် တန်းတူညီမျှရေးကို အပြည့်အဝ အာမခံသည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုအတွင်း ထာဝရတည်ငြိမ်အေးချမ်းသည့်လူမှုဘဝကို တည်ဆောက်နိုင်ရေး လက်ရှိအခြေအနေကို ပြည်သူလူထုများမှ နာလည်ပြီး ဘေးကင်းလုံခြုံရာတွင်ခေတ္တယာယီခိုလှုံကြပါရန် တိုက်တွန်းထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *