ခမ်းသားငေါဝ်း
ဇန်နဝါရီ ၃၀၊၂၀၂၄
ဖယ်ခုံမြို့တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ နေအိမ် ၆ လုံးထိခိုက်ပျက်စီးခဲ့ရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတော့ဘဲ စစ်ကောင်စီဖက် လက်နက်ကြီး နေ့စဉ်ပစ်ခတ်မှုရှိနေပြီး ဒေသခံ နေအိမ်များ ထိမှန်ပျက်စီးသွားခဲ့ကြောင်းသိရသည်။
” ညတိုင်း နီးပါး လက်နက်ကြီးပစ်တယ်။ မနေ့က ညောင်ကုန်း ၅ ရပ်ကွက်မှာ ကျတယ်။ လက်နက်ကြီး ပေါက်ကွဲထိပြီး နေအိမ် ၆ လုံး ပျက်စီးသွားတယ်။ အရင်တစ်နေ့လည်း ဈေးနားမှာမီးလောင်တယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဖယ်ခုံမြို့သည် ပြီးခဲ့သည်၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ဒေသခံအားလုံး ဘေကင်းရာ ထွက်ပြေးတိမ်ရှောင်ခဲ့ရသည်။
ယခုလတွင် တိုက်ပွဲငြိမ်နေပြီး ဒေသခံတစ်ချို့ပြန်လာခဲ့ပြီးနောက် စစ်ကောင်စီဖက် လက်နက်ကြီး နေ့စဉ် ပစ်ခတ်မှုရှိ‌နေကြောင်း သိရသည်။
ပြီးခဲ့သည့်ဇန်နဝါရီ၂၈ ရက်နေ့တွင်လည်း ညောင်ကုန်း ၅ ရပ်ကွက်တွင် ပစ္စည်းပြန်ယူသည့်ဒေသခံတစ်ချို့ စစ်ကောင်စီက ပစ်ခတ်ခဲ့ပြီး ထွက်ပြေးလွှတ်မြှောက်ခဲ့ ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *