ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၉၊ ၂၀၂၄
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်ထားသည့် ဒေသခံ အမျိုးသမီးတစ်ဦး ဆေးကုသရန်ခက်ခဲရှိနေ ကြောင်းသိရသည်။
ထိုအမျိုးသမီးသည် ယခုဆီဆိုင်မြို့နယ်တောတွင်း တစ်နေရာတွင် စစ်ရှောင်နေရပြီး စစ်ရှောင်သည့်နေရာတွင်လည်း ဆေးဝါးများမရှိကြောင်း သိရသည်။
“ခြေဖမိုးကနေ ခြေဖဝါးအထိ ​ဖြတ်ဖောက်တာ သွေးတိတ်အောင်နဲ့ ပိုးမဝင်အောင်ပဲ အရက်ပြန်နဲ့ ဆေးပြီး ဆေးနီထည့်တဲ့ ရှေ့ဦးသူနာပြုစုနည်းနဲ့ပဲ ကုသ နေရတယ်။”ဟု စစ်ရှောင်တစ်ဦးက ပြောသည်။
မြို့ပေါ်တွင် တက်ရောက်ကုသချင်သော်လည်း လမ်းပန်းဆက်သွယ်ရေးအခက်ခဲ၊ ငွေကြေးအခက် ခဲကြောင်း မကုသနိုင်သေးဘူးဟု ၎င်းက ဆက်ပြောသည်။
ထိုဒေသခံ အမျိုးသမီးသည် ဇန်နဝါရီ ၂၆ ရက်တွင် ထွက်ပြေးတိမ်းရှောင်နေရင်းမှ လက်နက်ကြီး ပေါက်ကွဲစ ထိမှန်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
ဆီဆိုင်မြို့သည် လက်ရှိ စစ်ကောင်စီ လေယာဉ်နှင့် လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေကြောင့်လူနေအိမ်ထိခိုက်ပျက်စီးမှုအများအပြားရှိခဲ့ကြောင်းသိရသည်။
ဆီဆိုင်မြို့တွင်လုံခြုံမှုအားနည်းနေဆဲ ဖြစ် သောကြောင့် ပြည်သူများအနေဖြင့်လည်း နေအိမ်ပြန်ခြင်း ပစ္စည်းသယ်ခြင်းမပြုလုပ်ရန် PNLO ဖက်က မေတ္တာရပ်ခံထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *