ခမ်းသားငေါဝ်း
ဇန်နဝါရီ ၃၀၊၂၀၂၄
ဆီဆိုင်မြို့နှင့် ကျေးရွာများအတွင်း အခြေနေတည်ငြိမ်မှုမရှိသေးသောကြောင့် တိမ်းရှောင်ရသည့်ပြည်သူများအနေဖြင့် နေရပ်ကိုမပြန်လာသင့်သေးကြောင်း ဒေသခံအမျိုးသားတစ်ဦးထံမှသိရသည်။
လက်ရှိ ဇန်နဝါရီ ၃၀ ရက်နေ့အထိ စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်များက ဆီဆိုင်မြို့တွင်း လေယာဥ်ဖြင့်ဗုံးကြဲခြင်း လက်နက်ကြီးဖြစ်ပစ်ခတ်ခြင်းတို့ကိုပြုလုပ်နေသေးကြောင်းသိရသည်။
“မြို့ထဲမှာအခြေနေမကောင်းဘူး။ ဗုံးတွေကြဲချနေတုန်း၊ လက်နက်ကြီးတွေပစ်ခတ်နေတုန်း အခြေနေကမငြိမ်သေးဘူး။ တိုက်ပွဲတွေကလည်းဖြစ်ပွားနေသေးတာမို့ အန္တရာယ်ရှိတယ်။ မပြန်လာသေးဖို့ပြောချင်တယ်”ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ဆိုင်ခေါင်ဒေသခံတစ်ဦးကလည်း”လက်နက်ကြီးနဲ့ပစ်နေတုန်း အသံကြားနေရတယ်။ ညလည်းကြားရတယ်၊အခြေနေကမကောင်း သေးဘူး။ တိမ်းရှောင်နေရတာ ဆီဆိုင်တင်မက ဆိုက်ခေါင်ပါရှောင်နေရတာကို ဆီဆိုင်ပြန်ဖို့မပြောနဲ့ ဒေသခံအနေနဲ့ဆိုက်ခေါင်ကနေ ဆီဆိုင်သွားတာတောင် ကြောက်နေရတယ်။”ဟုဆိုသည်။
PNLAနှင့်မဟာမိတ်ပူးပေါင်းတပ်တို့ ဆီဆိုင်မြို့ကိုထိန်းချုပ်ပြီးနောက် စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲခြင်း၊ ဆိုက်ခေါင်မှ ဆီဆိုင်မြို့ဘက်သို့ လက်နက်ကြီးဖြင့် လှန်းပစ်ခြင်းတို့ကို ယနေ့ထိလက်ဆက်ပြုလုပ်နေဆဲဖြစ်ကြောင်းသိရသည်။
ထို့အပြင် ဆီဆိုင်မြို့ကို ပြန်ရရန် စစ်ကောင်စီမှ ပြည်သူ့စစ်ကိုလက်နက်များထုတ်ပေးပြီး PNOအနေဖြင့်လည်း ပအိုဝ်းကျေးရွာများရှိ အသက် ၁၈ နှစ်အထက် ၃၅အောက် အမျိုးသားများကို ပြည်သူ့စစ်ထဲဝင်ပြီးစစ်မှုထမ်း ခိုင်းစေနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *