ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၉၊ ၂၀၂၄
ဆီဆိုင်မြို့အတွင်း PNLA ပြည်သူ့လုံခြုံရေးကင်းလှည့် စဥ်နေအိမ်ဖောက်ထွင်းသမား သူခိုး ၃ ဦးကိုဇန်နဝါရီ ၂၈ ရက်က ဖမ်းဆီးရမိကြောင်းသိရသည်။
ဆီဆိုင်မြို့အတွင်း တိုက်ပွဲဖြစ်ပွားပြီး အရပ်သားပြည်သူများ အိုးအိမ်စွန့်ခွါ ဘေးလွတ်ကင်းရာကိုတိမ်းရှောင်သွားနေရသည့်အတွက် သူခိုးများအခွင့်ကောင်းယူပြီးပြည်သူ့ဆိုင်ခန်းနှင့် နေအိမ်များကိုဖောက်ထွင်းခိုးယူနေ​ကြသည်။
“ပြည်သူလုံခြုံရေးကင်းလှည့်နေစဉ်၊ဖောက်ထွင်းသမား၊သူခိုး၃ဦးဖမ်းမိတယ်၊ ကျန်အကြောင်းအရာကစစ်နေဆဲရှိတုန်းပါ။”ဟု PNLA မြေပြင်သတင်းရင်းမြစ်က ခမ်းသားငေါဝ်းကိုပြောသည်။
လူမရှိသည့်နေအိမ်များ ဆိုင်ခန်းများကို သူခိုးများဖောင်းထွင်းခိုးယူပြီး တော်လှန်ရေးအင်အားစုကို စွပ်စွဲပြောဆိုမှုများ လူမှုကွန်ယက် စာမျက်နှာတွင် မကြာခဏ ရေးသားဖော်ပြသူများရှိကြသည်။
ဒေသခံအမျိုးသမီးတစ်ဦးက” ဘယ်သူ ဘယ်ဝါခိုးတာမသိဘူး။ ကြားတာတော့ (PNLA)ကဖမ်းမိတယ်တဲ့။ ဘယ်သူ့အိမ်ဘယ်သူ့ဆိုင်ဖောက်ခံရတာတွေက အသေးစိတ်မသိရသေးဘူးခုထိ”ဟုပြောသည်။
ဆီဆိုင်မြို့ကို ဇန်နဝါရီလ၂၆ ရက်နေ့၌ PNLAနှင့်မဟာမိတ်ပူးပေါင်းတပ်က ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး ပြည်သူများ၏ အိုးအိမ်လုံခြုံရေး ပြည်သူ၏ လွတ်လပ်စွာသွားလာနိုင်ရေးကို တာဝန်ယူသွားမည်ဖြစ်ကြောင်းကိုလည်း PNLA ကထုတ်ပြန်ထား သည်။

Leave a Reply

Your email address will not be published. Required fields are marked *