ခမ်းသားငေါဝ်း
ဇန်နဝါရီ ၃၀၊ ၂၀၂၃
ဆီဆိုင်မြို့နယ် စစ်ကောင်စီ ခမရ ၄၂၄ တပ်တိုက်ပွဲတွင် ရဲစခန်းက ထိန်းသိမ်းခံထားရသည့် ဆီဆိုင်မြို့နေ အသက်မပြေည့်သေးသည့် လူငယ်တစ်ဉီး လူသားဒိုင်းပြုလုပ်ခံရပြီး သေဆုံးသွားခဲ့ရကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်ထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်နေ့က ခမရ ၄၂၄ တပ်ကို PNLA နှင့် တော်လှန်ရေးအင်အားစုတို့ တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ရှင်းလင်းရေးပြုလုပ်နေစဉ် စစ်တပ်အတွင်း ခြေထောက်ကျိုးနှင့်လက်ပြန်ကြိုးတုတ် သေဆုံးနေသည့် အရပ်ဝတ်အလောင်း တစ်လောင်းတွေ့ရှိခဲ့ ကြောင်းသိရသည်။
ထိုအရပ်ဝတ် အလောင်းသည် ဆီဆိုင်ရဲစခန်းကထိန်းသိမ်းထားသည့် အသက်မပြည့်သေးသည့် လူငယ်တစ်ဦးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
‘’ရဲစခန်းမှာ ထိန်းသိမ်းခံထားရပေမယ့် ရဲတွေက တိုက်ပွဲဖြစ်တော့ အကုန်ပြေးတယ်၊ သူ့ကို ပြန်မလွတ်ပဲ ရဲက ၄၂၄ တပ်ထဲမှာ သွားပြီးအသေခံတပ်သားလို လွတ်ပြီးခိုင်းခဲ့တယ်။ ခြေထောက်လည်းရိုက်ချိုးခံထားရတယ်” ဟု ခိုင်မာသည့်သတင်းရင်းမြစ်မှ ခမ်းသားငေါဝ်းကိုပြောသည်။
ထိုလူငယ်သည် ဆီဆိုင်မြို့နေ မောင်ထွန်းနိုင်ဖြစ်ပြီး အသက် (၁၈) နှစ်မပြည့်သေးကြောင်းသိရသည်။
ထိုလူငယ်သည် ဆိုးသွမ်းသောင်းကျန်းမှုကြောင့် ဆီဆိုင်မြို့နယ်ရဲစခန်းက ခေါ်ယူထိန်းသိမ်းထားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ဆီဆိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးပစ်ခတ် ခြင်းတို့ကြောင့် ဇန်နဝါရီ ၂၇ ရက်နေအထိ အပြစ်မဲ့အရပ်သား ကလေးအပါအဝင် ၄ ဦးသေဆုံးကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး အချက်အလက်ထုတ်ပြန်ချက်အရသိရသည်။