ခမ်းသားငေါဝ်း
ဇန်နဝါရီ ၃၀၊၂၀၂၄
အလင်းဝင်လာသည့် PNO ပြည်သူ့စစ်တစ်ဦးအား PNLA မှ လွတ်လပ်စွာနေထိုင်သွားလာခွင့်နှင့် ဆုငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
အလင်းဝင်လာသည့် ပြည်သူ့စစ်တစ်ဦးကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေတပ်မတော် (PNLA) က နွေးထွေးစွာကြိုဆိုပြီး ဆုကြေးငွေများကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း ဇန်နဝါရီလ ၃၀ ရက်နေ့တွင် သိရသည်။
အဆိုပါ အလင်းဝင်လာသည့် ပြည်သူ့စစ်သားတစ်ဦးသည် စစ်ကောင်စီအတွက် ပအိုဝ်းအချင်းချင်းမတိုက်ခိုက်လိုသဖြင့် PNLA ထံ လက်နက်နှင့်တကွအလင်းဝင်လာရခြင်းဖြစ်ကြောင်း ဆိုသည်။
“ယခုလုံခြုံရေးဆိုင်ရာလှုပ်ရှားမှုအတွင်း မိမိတို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) အနေဖြင့် ပအိုဝ်းအချင်းချင်းတိုက်ခိုက်မည်မဟုတ်ပါ။”ဟု ထုတ်ပြန်ထားသည်။
ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲဝင် လုပ်နေရသည့် သူများအနေဖြင့် စစ်အာဏာရှင်အတွက် မရပ်တည်ကြရန်နှင့် အချိန်မှီလက်နက်နှင့်တကွ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းအလင်းဝင်ကြရန်လည်း တိုက်တွန်းထားကြောင်းသိရသည်။