ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၉၊ ၂၀၂၄
တိုက်ပွဲဖြစ်ပွားသည့် ဆီဆိုင်မြို့တွင် ဒေသခံများ ကျန်ရှိအိုးအိမ်ပစ္စည်းများကို ကာကွယ်စောင့်ရှောက် ပေးရန် နှစ်ဘက်လက်နက်ကိုင်တပ် အကြီးအကဲ များကို ဒေသခံက တောင်းဆိုလိုက်ကြောင်းသိရသည်။
နှစ်ဖက်တပ် လက်အောက်ငယ်သားများက ပြည်သူ့၏အိုးအိမ်ပစ္စည်းကိုဖျက်ဆီးခြင်း၊ ခိုးယူသုံးစွဲခြင်းများ မပြုလုပ်ရန်နှင့် စစ်ဥပဒေကို လိုက်နာကျင့်သုံးရန် ပြည်သူများတောင်းဆို လိုက်ကြောင်းသိရသည်။
“အခုလိုမျိုး စစ်ပွဲ ပဋိပက္ခဖြစ်တဲ့အချိန်မှာဆိုရင် နှစ်ဖက် လက်နက်ကိုင်တွေအနေနဲ့ လူထုများရဲ့ အိုးအိမ်စည်းစိမ်းများကို ကာကွက်စောင့်ရှောက်ပေးရမယ်။ မိမိတို့ရဲ့ လက်အောက်ငယ်သားဘဲ ဖြစ်ဖြစ် လူထုများရဲ့ အိုးအိမ်တွေကို ပျက်စီး၊ ခိုးယူတာမျိုးရှိရင် အပြစ်ပေးအရေးယူစေချင်တယ်။” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်း ကို ပြောသည်။
တိုက်ပွဲများဖြစ်ပွားရာတွင် နိုင်ငံတကာဥပဒေအရ ပြည်သူလူထုများ၏ အိုးအိမ်စည်းစိမ်းများကို ကာကွယ်စောင့်ရှောင်ရမည်ဖြစ်ပြီး ပြည်သူများ၏ နေအိမ်များ၊ ဘာသာရေးအဆောက်အဦး၊ စာသင်ကျောင်းနှင့် ဆေးရုံဆေးခန်းများကို စစ်ဗျုဟာအဖြင့် ကာဗာယူခြင်း၊ ပျက်စီးစေရန်ပြုလုပ်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် နိုင်ငံတကာစစ်ဥပဒေကို ချိုးဖောက်ကျူးလွန်ခြင်းဘဲဖြစ်ကြောင်း နိုင်ငံရေးတက်ကြွလူငယ်တစ်ဦးမှပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ စစ်ကောင်စီမှ လေယာဉ်ဖြင့် လက်နက်ကြီး ပစ်ခတ်မှုကြောင်း ဇန်နဝါရီလ ၂၃ ရက်နေ့ကတိုက်ပွဲပြင်းထန်ပြီး ဒေသခံများက ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရကြောင်းသိရသည်။
ထိုသို့ စစ်ဘေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင်များ၏ အိုးအိမ်များကျန်ခဲ့မှုအပေါ် စစ်ကောင်စီမှ လေယာဉ်ဖြင့် ပစ်ခက်ပျက်စီးခြင်းများ၊ သူခိုးများ အိမ်ဖောက်ထွင်းမှုများ ကြုံတွေ့နေရကြောင်းဒေသခံများက ပြောကြားလာသည်။
အိမ်ဖောက်ခံရသူတစ်ဦး“ အိမ်မှာဆိုဘာမှကို မကျန်တော့တာ။ ကိုယ်တွေ စစ်ရှောင်တော့ ဘာမှအများကြီးမသယ်နိုင်ဘူး။ အိမ်မှာရှိတဲ့ပစ္စည်းအကုန်မ ကြတာ။ အိမ်ဘာမှမဖြစ်တာပဲ ကျေးဇူးတင်ရမလိုပါပဲ။ အိမ်ဖောက်ခံရတော့ ဝမ်းနည်းတာပေါ့။ “ ဟုမှပြောသည်။
ထိုအပြင် စျေးတန်းရှိ မုန့်ဆိုင်၊ ကုန်စုံဆိုင်ရှိ ပစ္စည်းများလည်း အဖောက်ခံရပြီး ၄င်းတို့ စိတ်နှစ်သက်သည့် ပစ္စည်းများကို အကုန်ယူသွားကြောင်းသိရသည်။
ဇန်နဝါရီ ၂၇ ရက်နေ့တွင် ဆီဆိုင်မြို့အတွင်း PNLA ပြည်သူ့လုံခြုံရေးကင်းလှည့် စဥ်နေအိမ်ဖောက်ထွင်းသမား သူခိုး ၃ ဦးကို ဖမ်းဆီးရမိထားကြောင်းသိရသည်။
ဆီဆိုင်မြို့တွင်လုံခြုံမှုအားနည်းနေဆဲ ဖြစ် သောကြောင့် ပြည်သူများအနေဖြင့်လည်း နေအိမ်ပြန်ခြင်း ပစ္စည်းသယ်ခြင်းမပြုလုပ်ရန် PNLOဖက်က မေတ္တာရပ်ခံထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *