ခမ်းသားငေါဝ်း
ဇန်နဝါရီ ၃၀၊၂၀၂၄
ကက္ကူဘုရားတွင် ရောက်ရှိလာသည့်စစ်ရှောင် သက်ကြီးရွယ်အိုနှင့် ကလေးများ ကျန်းမာရေးစောင့်ရှောက်မှု အရေးကြီးလိုအပ်နေကြောင်း ကူညီသူတစ်ဦးထံမှ သိရသည်။
ဆီဆိုင်မြို့နယ်မှ မွေတော်ကက္ကူဘုရားသို့ ရောက်ရှိသည့်စစ်ဘေးရှောင် ပြည်သူသက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များအတွက် ကျန်းမာရေးစောင့်ရှောက်မှု အရေးကြီးလိုအပ်နေကြောင်း ကူညီသူတစ်ဦးက ယနေ့တွင် ပြောဆိုသည်။
“အဓိက သက်ကြီးရွယ်အိုနဲ့ ကလေးတွေအတွက် ကျန်းမာရေးပိုင်းမှာ ပိုလိုအပ်တယ်။ လက်ရှိသူတို့အစားအသောက်ကတော့ အဆင်ပြေသေးတယ်။ အလှူရှိတော့ ကျွန်မလည်း တစ်နိုင်တစ်ပိုင်နဲ့သွားကူတာပါ။ အလှူရှင်ရှိလည်း ကြည့်ပေးတာက ကျွန်မတစ်ယောက်ထဲပဲရှင့်။”ဟု ယနေ့သွားရောက်ကူညီပေးသူအမျိုးသမီးတစ်ဦးက ပြောသည်။
ကက္ကူဘုရားသို့လာရောက်ခိုလုံသည့် စစ်ရှောင်ဦးရေ ၅၀၀ အထက်ရှိနေပြီး ကျန်းမာရေးပိုင်းဆိုင်ရာ စောင့်ရှောက်မှု လိုအပ်ချက်များရှိနေကြောင်းဆိုသည်။
ကက္ကူဘုရားတွင် ယနေ့ထပ်မံရောက်လာသည့်စစ်ရှောင်များ ရှိနေကြောင်း သိရသည်။
ထို့အပြင် ထပ်မံရောက်လာသည့်စစ်ရှောင်များအတွက် နေထိုင်ရန်‌ နေရာထိုင်ခင်းများလည်း လိုအပ်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *