ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၇၊၂၀၂၄
တိုက်ပွဲဖြစ်ပွားသည့် ဆီဆိုင်မြို့တွင် ကိုယ်ဝန်သည်အမျိုးသမီးစ်ဦး စစ်ရှောင်နေရင်း တောတောင်ထဲတွင် ကလေးမီးဖွားနေပြီး ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်သူတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီမှ လေယာဉ်ဖြင့် လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်လာကာ ဒေသခံပြည်သူများသည် နီးစပ်ရာ တောထဲသို့ စစ်ရှောင်နေရပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဇန်နဝါရီ ၂၆ ရက်နေ့တွင် မီးဖွားသဖြင့် ဆေးဝါးအကူအညီလိုအပ်နေကြောင်း သိရသည်။
“တိုက်ပွဲ စဖြစ်ကတည်းက ပြေးလာတာ တောထဲမှာဘဲ ကလေးမွေးရတော့ ဘာမှမပါလာဘူး။ ဆေးတွေလည်းမရှိဘူး။ ဆေးဝါးအကူအညီတွေလိုအပ်နေ
တယ်” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။
ထို့အပြင် လက်ရှိ တောထဲရောက် စစ်ရှောင်အချို့ကလည်း ဖုန်းဘေနှင့် သွားလာရေး ဓာတ်ဆီများ လိုအပ်နေကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်၊ PNO/PNA ပြည်သူ့စစ် နှင့် PNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ယခုအချိန်ထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed