ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၅၊ ၂၀၂၄
အင်းလေး‌ဒေသအတွင်း စစ်ကောင်စီမှ လောင်းက စားဝိုင်းများကို နေရာအနှံ့တွင်တွင် ကျယ်ကျယ်ပြုလုပ်လာခြင်းကြောင်း ‌ဒေသခံများလုံခြုံရေးပိုင်းဆိုင်ရာ စိုးရိမ်နေရကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသများတွင် အာဏာသိမ်းပြီး ၃ နှစ်အတွင်း စစ်ကောင်စီမှ ပျူစောထီးနှင့် ပြည်သူ့စစ်တို့ ဦးဆောင်ကာ လောင်ကစားဝိုင်းများကို တွင်တွင်ကျယ်ကျယ်ပြုလုပ်လာကြကြောင်း ယနေ့ ဇန်နဝါရီလ ၂၅ရက်နေ့ ကသိရသည်။
“ ဒီလို‌လောင်းကစားဝိုင်း တွေများလာတော့ စစ်ကောင်စီ ရဲ့လက်နက်ကိုင်တဲ့အဖွဲ့တွေက ရွာထဲကို ဝင်ဝင်ထွက်ထွက်လုပ်လာတယ်။ အဲလိုမျိုး ဝင်ထွက်တာများတော့ ဒေသခံတွေက အမြဲကြောက်ရွံ့နေရတယ်။ စိုးရိမ်နေရတယ်” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် အင်းအမျိုးသမီးတစ်ဦးက ပြောသည်။
ထိုသို့သော လောင်ကစားဝိုင်းများကြောင့် ဒေသအတွင်းတွင် အကြမ်းဖက်မှု လုယက်မှု၊ သူခိုးများပေါများလာပြီး ပစ္စည်းများလည်း နေ့စဉ်ပျောက်ရှမှု ပိုရှိလာကြောင်း သိရသည်။
ထိုအပြင် လောင်းကစားကိုမှီကာ မူးယစ်ဆေးဝါးများကိုလည်း လွတ်လပ်စွာရောင်းဝယ် သုံးစွဲမှုများလည်းရှိကြောင်းသိရသည်။
“ စကစ က ဒီလိုလောင်းကစားတွေ တွင်တွင်ကျယ်ကျယ်လုပ်လာတာက သူတို့လှည့်ကွက်တစ်ခုဖြစ်တယ်။ လူထုတွေအနေနဲ့ ဒီကိစ္စအပေါ်မှာ အမြဲသတိရှိဖို့လိုအပ်ပါတယ်။ ဒီလောင်းကစားကရတဲ့ငွေတွေနဲ့ ငါတို့လူငယ်တွေကို သတ်ဖို့အတွက် လက်နက်ပံ့ပိုးတာနဲ့အတူတူပဲ” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် အင်းအမျိုးသမီးတစ်ဦးမှ ဆက်ပြောသည်။
လောင်းကစားဝိုင်းကြောင့် ‌ဒေသခံလူထုများ စားဝတ်နေရေးလည်း ပိုကြပ်တည်းလာပြီး ချေးငွေများယူကာ အကြွေးများပိုမို့များလာကြောင်း၄င်းမှဆက်ပြောသည်။
အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့နှင့် နမ့်စန်မြို့တို့တွင်လည်း လောင်းကစားဝိုင်းများပြားလာပြီး မူးယစ်ဆေးဝါးသုံးစွဲမှုလည်း များပြားလာကာ ဒေသအတွင်း ဒုစရိုက်မှုများ အကြမ်းဖက်မှုများ ဖြစ်ပွားနေကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *