ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၈၊ ၂၀၂၄
မွေတော်ကက္ကူ ဘုရားအနီးတွေ ဆီဆိုင်မြို့၊ ဆိုက်
ခေါင်ဒေသတို့မှရောက်လာသည့် စစ်ရှောင်များ နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာပိုင်းအခက်အခဲရှိနေကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် တိုက်ပွဲဖြစ် ပွါးပြီးနောက် ဇန်နဝါရီလ ၂၂ ရက်နေ့ စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်သည့်အတွက် မြို့တွင်းဒေသခံများမှာ နီးစပ်ရာ တောင်ကြီးမြိို့၊ ကျောက်တလုံးမြို့၊ မွေတော်ကက္ကူတို့၌ စစ်ဘေးတိမ်းရှောင်ခဲ့ရကြောင်းသိရသည်။
“အခု ဘုရားရှေ့က ညောင်ပင်ကြီးအောက်မှာပဲ ဖြစ်သလိုအ ဆင်ပြေသလိုနေရတယ်။ ဘာမှကိုမပါလာဘူး။ အခုဆောင်းတွင်းဆိုတော့အရမ်းအေးတယ်” ဟု မွေတော်က္ကူစစ်ရှောင်တစ်ဦးမှပြောသည်။
လက်ရှိ ထိုမွေတော်ကက္ကူဘုရား ကွင်းပြင်တွင် စစ်ရှောင်ဦးရေး ၅၀၀ ကျော်ခန့်ရှိကြောင်း၊ ထွက်သွားသူများရှိသလို ထပ်ရောက်လာကြသူများလည်းရှိကြောင်း သိရသည်။
“ ပိုက်ဆံပါလည်း ဒီမှာ ထမင်းဝယ်စားတာ အရမ်းဈေးကြီးတယ်။ ပိုက်ဆံရှိတဲ့သူတွေကျ တောင်ကြီးဘက်ကိုပြောင်းကြတယ်။ ပိုက်ဆံမရှိတဲ့သူကျ ဒီမှာပဲ နေခဲ့ရတာပေါ့”ဟု ၄င်းမှဆက်ပြောသည်။
တခြားနေရာသို့ ကူးပြောင်းရန်အတွက် ကားခနှင့် ဓာတ်ဆီဖိုးမရှိခြင်းကြောင့် စစ်ရှောင်အချို့များကလည်းအခက်အခဲရှိနေကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *