ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၆၊၂
ပင်လောင်းမြို့၊ ကန်သာဦးရပ်ကွက်တွင် ဆိုင်ကယ်ဖြင့် ကျောင်းသွားနေသည့် ကျောင်းသူနှစ်ဦး ဆိုင်ကယ်လုယက်ခံခဲ့ရကြောင်း ‌သိရှိရပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့ပေါ် ကန်သာဦးရပ်ကွက် ပင်တလဲလမ်း ညောင်ပင်အနီးတွင် ကျောင်းတက်‌နေသည့် အထက်တန်း ကျောင်းသူနှစ်ဦးကို အမျိုးသားတစ်ဦးက ရိုက်နက်ပြီး ဆိုင်ကယ်လုယက်မှု ဇန်နဝါရီ ၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“သူငယ်ချင်းနှစ်ယောက်ကျောင်းသွားတက်ကြတာ ပင်းတလဲက နေပင်လောင်းဆိုတော့ နဲနဲဝေးတော့ ဆိုင်ကယ် စီးလာကြတာ ဆိုင်ကယ်ကလည်း အသစ်ဝယ်ထားတာ မကြာသေးဘူး အမျိုးသားတစ်ဦးကနောက်ကနေလိုက်လာပြီး လုယူသွားခဲ့တာ မြင်တဲ့သူတွေတော့ရှိတယ်။ ဒါပေမယ့်သူတို့ရည်းစားလို့ထင်ပြီး သွားမကူကြဘူး”ဟု ဆိုင်ကယ်လုခံရသူနှင့်နီးစပ်သူအမျိုးသမီးတစ်ဦးက ပြောသည်။
အရိုက်ခံရသည့် ကျောင်းသူနှစ်ဦးသည် ဦး‌ခေါင်းဒဏ်ရာရရှိခဲ့ပြီး ပင်လောင်းဆေးရုံတွင် ဆေးကုသမှုခံယူကြောင်း လက်ရှိတွင် ဆိုင်ကယ်လုယက်သွားခဲ့သူအမျိုးသားကို စုံစမ်းမှုပြုလုပ်နေကြောင်း ဆိုသည်။
ပင်လောင်းမြို့နယ် နှင့် အနီးအနားတစ်ဝိုက်ကျေးရွာများတွင် ဆိုင်ကယ်ခိုးမှု နှင့် လုယက်မှုများ ပိုမိုများပြားလာပြီး ပြည်သူများက လုံခြုံရေးကို စိုးရိမ်နေကြရကြောင်း ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *