ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၇၊၂၀၂၄
ဆီဆိုင်မြို့နယ်အတွင် တောတောင်ထဲ စစ်ရှောင် နေရသည့် စစ်ရှောင်များသည် စားနပ်ရိက္ခာများအခက်အခဲရှိလာကြောင်း စစ်ရှောင်သူတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နှင့်အနီးတစ်ဝိုက်တွင် ဇန်နဝါရီ ၂၃ ရက်မှစ၍ တိုက်ပွဲပြင်းထန်ပြီးနောက် စစ်ကောင်စီဖက် လက်နက်ကြီး ၊လေကြောင်းဖြင့် မြို့တွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများကို တိုက်ခိုက်ခဲ့ပြီး ဒေသခံများ ဘေးကင်းရာတောထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။
“စထွက် တဲ့ နေ့ကတည်းက ခုထိ ထမင်း တစ်နပ်ဘဲစားရသေးတယ်။ စားလို့ လည်းမဝင်ဘူး။ နေ့နေ့ညည လက်နက်သံ၊လေယာဉ်သံဘဲကြား နေတော့ အိပ်လို့လည်းမရဘူး “ဟု စစ်ရှောင်တစ်ဦးက ပြောသည်။ ‌‌‌‌
စစ်ရှောင်များသည် ထွက်လာသည့်အချိန်တွင် အ ရေးကြီးသော မှတ်ပုံတင် အိမ်ထောင်စုဇယားများ သာ အဓိသာယူပြီး လူလွှတ်ရုံး ထွက်ပြေးလာရသဖြင့် စားစရာများလည်း မယူလာခဲ့ရကြောင်း ပြောဆိုသည်။
“ဒီလိုတစ်ခါမှလည်း မကြုံဖူးဘူး။ ကြုံလာမယ်လို့လည်း မထင်ထားဘူး။ ကြုံရတော့ ကြောက်တာဘဲသိတယ်။ လူတွေ တောင်အလိုလိုနဲ့ ပင်ပန်းနွမ်းနယ်သွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခုအခါ စစ်ရှောင်အများစုသည် တောထဲနှင့် ဈေးဆိုင်မရှိသည့် ကျေးရွာများတွင် ရောက်ရှိနေကြပြီး စားနပ်ရိက္ခာ၊ စောင်၊ ဆေးဝါးများလည်း လိုအပ်နေကြောင်း သိရသည်။
ဆီဆိုင်မြို့သည် ဇန်နဝါရီ၂၅ ရက် တစ်ရင်အတွင်း စစ်ကောင်စီက လေယာဉ်ဖြင့် အကြိမ် ၁၀၀ ကျော် ဗုံးကြဲချခဲ့ကြောင်း PNLAက ထုတ်ပြန်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *