ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၈၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြို့မ ရဲစခန်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးများစသည်တို့ကို PNLA နှင့်မဟာ မိတ်တပ်ဖွဲ့တို့ သိမ်းပိုင်နိုင်ခဲ့ကြောင်း ဇန်နဝါရီလ ၂၈ ရက်နေ့ ထုတ်ပြန်ထားသည်။
“လက်ရှိ ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA မှ နယ်မြေတည်ငြိမ်ရေးအတွက် ဝင်ရောက်ထိန်းချုပ်လိုက်ပြီ ပအိုဝ်းအမျိုးသားအလံတော်ကိုလည်း စတင်လွင့်ထူနိုင်ခဲ့ကြောင်း” ဟု ထိုထုတ်ပြန်ချက်တွေဖော်ပြထားသည်။
လက်ရှိ ဆီဆိုင်မြို့ကို PNLA နှင့်မဟာမိတ်တပ်ဖွဲများက ထိန်းချုပ်ပြီးနောက် တိုက်ပွဲများဖြစ်ပွါးမှုမရှိဘဲ စစ်ကောင်စီမှ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုအဆက်မပြတ်ပြုလုပ်နေကြောင်းသိရသည်။
ထိုအပြင် စစ်ကောင်စီ ဆိုက်ခေါင်ဒေသသို့ လက်နက် ကြီးသယ်ယူပြီး ဆီဆိုင်မြို့သို့ ပစ်ခတ်တိုက်ခိုက်သည့်အတွက် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများနှင့် လူနေအိမ်များ ပျက်စီးခဲ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *