ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၇၊၂၀၂၄
တိုက်ပွဲဖြစ်ပွားနေသည့် ဆီဆိုင်မြို့တွင် စစ်ကာင်စီတပ်က မြို့ပေါ်နှင့် ကျေးရွာများကို ဂျက်ဖိုက်တာ တိုက်လေယဉ်အပြင် ကင်းထောက်များဖြင့်လည်း ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်နေကြောင်း စစ်သတင်းရင်းမြစ်ပြောပြချက်အရ သိရသည်။
ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များ ထိန်းချုပ်လာနိုင်ပြီးနောက် စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ဆက်တိုက်ပြုလုပ်လာပြီး ယနေ့တွင် ကင်းထောက်လေယာဥ်ဖြင့်လည်း ဗုံးကြဲမှုရှိသဖြင့် ဒေသခံများသတိရှိရန် လိုကြောင်း ဆိုသည်။
“ဆီဆိုင်မြို့နယ်ထဲက ကျေးရွာတွေကို ကင်းထောက်တွေနဲ့ လိုက်ကြဲနေလို့ သတိထားကြဖို့ လိုတယ်။
ဂျက်ဖိုက်တာတွေလာမှ ကြဲတာမဟုတ်ဘူး
ကင်းထောက်တွေပါ ဗုံးကြဲတာကို ဒေသခံရွာသားတွေ သတိထားကြဖို့ လိုတယ် “ဟု စစ်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ယနေ့နံနက်ပိုင်းတွင်လည်း စစ်ကောင်စီနှင့် PNAဖက်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဆီဆိုင်မြို့အဝင် ကောင်းမူဗွာဘုန်းကြီးကျောင်းနှင့် ဒေသခံနေအိမ်များ ပျက်စီးခဲ့ရကြောင်းသိရသည်။
ယခုအချိန်တွင် ဆီဆိုင်မြို့တစ်မြို့လုံးနီးပါး PNLA ထိန်းချုပ်နိုင်ခဲ့ပြီး၊ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဆိုက်‌ခေါင်စံပြကျေးရွာအမြှောက်တပ်မှ ဆီဆိုင်မြို့နယ်တစ်ဝိုက်သို့ လက်နက်ကြီးဖြင့် မကြခဏပစ်ခတ်မှု ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *