ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၅၊၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှာ ရောက်လာသည့် ကရင်နီပြည်စစ်ဘေးရှောင်များသည် ယခုမှထပ်မံတိမ်းရှောင်ရန်အခက်ခဲရှိနေကြောင်း ဆီဆိုင်ရောက် စစ်ရှောင်အမျိုးသမီးတစ်ဦးထံမှသိရသည်။
ဆီဆိုင်မြို့သည် လက်ရှိမှာ စစ်ကောင်စီ၊PNO ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် PNLA၊KNDF၊PDFနှင့်တော်လှန်ရေးအင်အားစုအပါ SSPP/SSAတို့အပါပူးပေါင်းပြီး တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဆီဆိုင်မြို့ခံများနှင့် ဆီဆိုင်ကို ရောက်လာသော ကရင်နီစစ်ရှောင်များထပ်မံရှောင်နေရသည်။
“ဒီမှာရောက်လည်း ဒီကလူတွေလည်း ထွက်ပြေးနေကြပြီဟော၊ အခုတစ်ခေါက်ထပ်ပြေးရရင် အဆင်မပြေဘူး ၄ ခေါက်ရှိနေပြီပြေးနေရတာ။ ခုကျွန်မတို့ဆိုက်ခေါင်ကိုပြေးလာနေတယ် ဆီဆိုင်ကနေ။ ဆိုက်ခေါင်ကလည်းပစ္စည်းတွေသိမ်းပြေးဖို့လုပ်နေကြပြီ။ ခုတစ်ခေါက်က ကျွန်မတို့ဘယ်ပြေးရမှန်းမသိတော့ဘူး။ တောထဲကိုပဲပြေးရတော့မလားမသိဘူး။” ဟုကရင်နီစစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကပြောသည်။
နောက်စစ်ရှောင်တစ်ဦးကလည်း” ခုက ထွက်ပြေးတိမ်းရှောင်ခိုင်းနေတယ်။ ဘုန်းကြီးကျောင်းတွေမှာစုဖို့လည်းပြောတယ်။ သေနတ်တွေ လက်နက်ကြီးတွေက ကျွန်မတို့ကြံဖူးပြီ ပုန်းခိုလို့ရပေမယ့် လေယာဥ်နဲ့ဆို ပြောမရဘူးလေနော်။ ကိုယ့်ခေါင်းပေါက်မှာဆိုတော့လေ။ဒီကလူတွေလည်းထိတ်လန့်နေကြတယ်ပြေးရတယ်။ ခုကျွန်မတို့ခါကျ ဘယ်ကိုပြေးရမှန်းမသိတော့တာ”ဟုပြောသည်။
ကရင်နီပြည်စစ်ရှောင်များသည် ဆီဆိုင်မြို့နှင့်မြို့နယ်အတွင်းတို့မှာ လာရောက်ခိုလုံသောစစ်ရှောင်ဦးရေ သောင်းချီရှိပြီး လက်ရှိတွင် တိမ်းရှောင်ရန်အခက်ခဲရှိနေကြောင်းဆိုသည်။
ဇန်နဝါရီလ ၂၄ ရက်နေ့ည၌ စစ်ကောင်စီမှ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုလုပ်နေခြင်းကြောင့် ဆီဆိုင်ဒေသခံနှင့် ကရင်နီစစ်ရှောင်များပါ ထွက်ပြေးတိမ်းရှောင်ဖို့ရန် အခက်ခဲရှိနေသည်။

Leave a Reply

Your email address will not be published. Required fields are marked *