ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၈၊၂၀၂၄
စစ်ကောင်စီက ဆီဆိုင်မြို့ပေါ် မီးလောင်ဗုံးတွေကြဲချခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် လက်ဘက်ရည်ဆိုင်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြိုတွင် ယနေ့ ဇန်နဝါရီ ၂၈ ရက်နေ့ နေ့လည် ၂ နာရီအချိန်၌ Sweet Dreamဆိုင်ကိုမီးစတင်လောင်ပြီး မီးငြိမ်းသောသူမရှိသည့်အတွက် ဈေးဆိုင်ခန်းများနှင့်လူနေအိပ်ပါမီးကူးနေကြောင်းသိရသည်။
မီးလောင်ရခြင်းသည် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်ပူးပေါင်းတပ်က ဆိုက်ခေါင်မှ လက်နက်ကြီးတောက်လျောက်ပစ်ခတ်နေခြင်းနှင့် စစ်ကောင်စီက မီးလောင်ဗုံးပစ်ချမှုဖြစ်ကြောင်းသိရသည်။
PNLA တာဝန်ရှိသူတစ်ဦးက “စစ်ကောင်စီက ဆီဆိုင်မြို့ပေါ်မှာ ဒီကနေ့ မီးလောင်ဗုံးတွေကြဲချတယ်၊ လက်နက်ကြီးတွေပစ်ချတယ် ဒါကြောင့်မီးလောင်တာဖြစ်တယ်”ဟု ခမ်းသားငေါဝ်း ကိုပြောသည်။
မီးလောင်မှု ကြောင့် ထိခိုက်ဆုံးရှုံးမှုအသေးစိတ်ကိုမသိရှိရသေးပါ။
“မီးဘယ်ကနေစလောင်တာလည်းတော့မသိဘူး။ ခုကငြိမ်းပေးတဲ့သူမရှိဘူးဖြစ်နေတယ်။ အနီးရှိဆိုင်ခန်းနဲ့အိမ်တွေမီးကူးနေတာ။ လူထိခိုက်မှုရှိ မရှိလည်းမသိဘူး။ အကုန်လုံးကထွက်ပြေးကြတယ်လေ ဘယ်သူမှမရှိတော့ဘူး။”ဟု ဒေသခံအမျိုးသမီး တစ်ဦး​ကခမ်းသားငေါဝ်းကို ပြောသည်။
ဇန်နဝါရီ ၂၈ ရက်နေ့ နံနက်အချိန်ကစပြီး စစ်ကောင်စီနှင့်PNOပြည်သူ့စစ်ပူးပေါင်းတပ်ကဆိုက်ခေါင်ဒေသမှ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်နေကြောင်းဒေသခံပြောပြချက်အရသိရ သည်။
photo cj

Leave a Reply

Your email address will not be published. Required fields are marked *