ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၆၊၂၀၂၄
ဆီဆိုင်မြို့တွင် တစ်ရက်အတွင်း စစ်ကောင်စီတပ်မှ လေယာဉ်တိုက်ခိုက်မှု အကြိမ်၂၀ ကျော်ရှိပြီး ပေါင် ၅၀၀ ဗုံးအပါအဝင် အကြိမ် ၁၀၀ ကျော် ဗုံးကြဲချခဲ့ကြောင်း PNLA က ထုတ်ပြန်ထားပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နှင့် ကျေးရွာ ၄ ရွာအပါ တစ်ရက်အတွင်း စစ်ကောင်စီတပ်မှ လေယာဉ်တိုက်ခိုက်မှု အကြိမ်၂၀ ကျော်ရှိပြီး ပေါင် ၅၀၀ ဗုံးအပါအဝင် အကြိမ် ၁၀၀ ကျော် ဗုံးကြဲချခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးအဖွဲ့ချုပ် PNLA ထုတ်ပြန်ချက်အရ သိရသည်။
ယင်းတိုက်ခိုက်မှုသည် ဇန်နဝါရီ၂၅ ရက် တစ်ရက်သာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း ပအိုဝ်းအရပ်သား ပြည်သူနေအိမ် များစွာ ပျက်စီးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
“ဆီဆိုင်မြို့တော့ လူမရှိ သလောက် ရှောင်ကုန်ပါပြီ။ ဒါမယ့် မြို့ အနီးတစ်ဝိုက် ပြန်ရှောင်သူလည်း များ တော့ အရမ်းစိတ်ပူတယ်။ ကျေးရွာဖက်က ယောကျာ်းလေးတွေ တစ်အိမ်တစ်ယာက်နီးပါး အိမ်မှာ ကျန်ခဲ့တယ်။ အိမ်စောင့်အနေနဲ့ နေခဲ့ကြတယ်။သူတို့အတွက် အရမ်းစိတ်ပူတယ်။လေယာဉ်က အချိန်တိုင်းဘဲ ဝဲနေတာ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ဆီဆိုင်မြို့ အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်နေသလို စစ်ကောင်စီဖက်လည်း လက်နက်ကြီး၊လေကြောင်း အပြင်းအထန် အသုံးပြု တိုက်ခိုက် နေကြောင်းသိရသည်။
ဆီဆိုင်မြို့သည် ဇန်နဝါရီ၂၃ ရက်မှစပြီး PNLAနှင့် မဟာမိတ် တော်လှန်ရေးအဖွဲ့က ပူးပေါင်းပြီး စစ်ကောင်စီ တပ်စခန်းများကို တစ်ခုပြီး တစ်ခုသိမ်းပိုက် နေကြောင်းသိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *