ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၆၊၂၀၂၄
ဆီဆိုင်တိုက်ပွဲအတွင်း PNO/PNA ၏စီပွားရေးတာဝန်ခံ ခွန်နေဝင်းထွန်းကိုယ်တိုင် ဦးဆောင်ပြီး စစ်ကောင်စီဘက် ကူတိုက်ပေးနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင်ဇန်နဝါရီ၂၃ ရက်မှစပြီး PNLA နှင့် မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များက စစ်တပ်စခန်းနှင့် ရဲစခန်းများကို သိမ်းပိုက်ပြီးနောက် တိုက်ပွဲ ‌ပြင်းထန်နေပြီး PNO/A ပြည်သူ့စစ်၏စီးပွားရေးတာဝန်ခံ ခွန်နေဝင်းထွန်း ကိုယ်တိုင် ဦးဆောင်ပြီး စစ်ကောင်စီကို ကူတိုက်ပေးကြောင်း သိရသည်။
” နေဝင်းထွန်းက PNA ပြည်သူ့စစ် တပ်ရင်း၄ ရဲ့ တပ်ရင်းမှူးဖြစ်ပါတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။
ယခုတွင် စစ်ကောင်စီတပ် နှင့် PNA ပြည်သူ့စစ်တို့ ဆီဆိုင်မြို့မှ ဆုတ်ခွာပြီး ဆိုက်ခေါဝ် စံပြကျေးရွာ မြှောက်ဘက် မှ ဆီဆိုင်မြို့ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောဆိုသည်။
ဆီဆိုင်မြို့တွင် ဇန်နဝါရီ၂၅ ရက် တစ်ရက်အတွင်း စစ်ကောင်စီက လေယာဉ်ဖြင့် အကြိမ် ၁၀၀ ကျော် ဗုံးကြဲချခဲ့ကြောင်း PNLAက ယနေ့ တွင် ထုတ်ပြန်ပြောဆိုထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *