ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၅၊၂၀၂၄
ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြဒေသအတွင်း စစ်ကောင်စီကပေါ်တာဆွဲခေါ် ဖမ်းဆီးသည်ဟု ကောလာဟလသတင်းပြန့်ပြီးနောက် ဒေသတွင်းရှိ လူငယ်လူရွယ်အချို့ထွက်ပြေးနေရကြောင်းဒေသခံအချို့ထံသိရသည်။
ယနေ့ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်က ပေါ်တာဆွဲ ဖမ်းသည် ဟူသောသတင်းများ အွန်လိုင်းပေါ်၌ စတင်ပျံ့နှံ့သွားသည်။
“ပေါ်တာ ဖမ်းနေတယ်တဲ့ ကျွန်တော့်သူငယ်ချင်းကပြောလာတာ။ အဲ့ဒါနဲ့ လွယ်ပွတ်ကသူငယ်ချင်းလည်းမေးလာတယ် မင်းတို့ဈေးအနောက်ဘက်ခြမ်းဘယ်လိုလည်း ပေါ်တာ ဖမ်းနေလားဆိုပြီးမေးလာတာ မကြားမိဘူးပြောလိုက်သေးတယ်။ မကြာဘူး ကန်ကြီးဘက်ကသူငယ်ချင်းဖုန်းခေါ်လာတယ်ပေါ်တာ ဖမ်းနေတယ်တဲ့။ အဲ့ဒါနဲ့ကျွန်တော်လည်းထွက်ပြေးလိုက်တာ။ ခုလမ်းတစ်ဝက်မှာ”ဟု ဆိုက်ခေါင်ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
လက်ရှိသည် ဆိုက်ခေါင်ဒေသအတွင်း ပေါ်တာဆွဲခြင်း၊ ပေါ်တာ ဖမ်းခြင်းဟုတ် မဟုတ်ကိုခမ်းသားငေါဝ်းအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။
” ကောလဟလပါ။ ရွာဘက်မှာ အဲ့သတင်းကြားလို့အကုန်ထွက်ပြေး။ ရွာဖက်မှာမဖမ်းပါဘူး။ အကုန်စုံစမ်းပြီ။”ဟုလည်း အချို့လူမှုကွန်ယက်စာမျက်တွင်ပြောဆိုထားသည်ကိုတွေ့ရသည်။
facebookလူမှုကွန်ယက်စာမျက်နှာအချို့၌ ဆိုက်ခေါင်ဒေသအတွင်း ပေါ်တာ ဖမ်းဆီးခြင်းမရှိပဲ ငြိမ်သက်နေကြောင်းစသည် အမျိုးမျိုးပြောဆိုထားကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed