ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၈၊ ၂၀၂၄
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဘဝတူ ညီနောင်မဟာမိတ် နှင့်အတူ ဆင်နွဲမည်ဟု PNLO ထုတ်ပြန်သည့်အပေါ် ရှမ်းပြည်(တောင်ပိုင်း)ဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU က ထောက်ခံကြိုဆိုကြောင်း ဇန်နဝါရီ ၂၇ ရက်ကထုတ်ပြန်ထားသည်။
(PNLO) နှင့် အတူတကွပူးပေါင်းကာ ရှမ်းပြည်တောင်ပိုင်း နှင့်ပအိုဝ်းလူမျိုးစုဒေသအတွင်းစစ်ကောင်စီအုပ်စုယန္တရားများမလည်ပတ်နိုင်တော့သည်အထိ တော်လှန်စစ် ဆင်နွှဲသွားမည်ဟု ရှမ်းပြည် တောင်ပိုင်း ဒေသခံ တော်လှန် ရေး အင်အားစု SSLRU ကပြောဆိုထား သည်။
စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေး၊အမျိုးသားရေးတန်းတူညီမျှခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ရရှိရေးအတွက်(PNLO) နှင့် အတူတကွပူးပေါင်းကာ စစ်ကောင်စီ ယန္တယားများ မလည်ပတ် နိုင်တော့တဲ့အထိ တိုက်ထုတ်မည်ဖြစ် ကြောင်းလည်းတော်လှန်ရေးသစ္စာဖြင့် ကတိပြုထားကြောင်းလည်းဖော်ပြထားသည်။
ထို့အတူ တနိုင်ငံလုံးရှိ အဖိနှိပ်ခံလူထုလွတ်မြောက် ရေးအတွက် စစ်သုံးစစ် (စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရေစီယန္တရား၊ စစ်အုပ်စု) အမြစ်ပြတ်ကျရှုံးသည်အထိ ဘဝတူညီနောင်မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့်အတူတကွ ပူးပေါင်းကာ တော်လှန်စစ် ဆင်နွှဲသွားမည်ဟုလည်းပြောဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *