ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၇၊၂၀၂၄
PDF ရှိသည်ဆိုသည့် အထင်ဖြင့် စစ်ကောင်စီနှင့် PNA ဖက် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ကောင်မူးဗွာ ဘုန်ကြီးကျောင်း ထိခိုက်ပျက်စီးသွား သည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။
ယနေ့ဇန်နဝါရီ ၂၇ ရက်နေ့ ယနေ့မနက်ပိုင်းတွင် စစ်ကောင်စီနှင့် PNA ဖက် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းအတွင်းအပြင်ရှိ အဆောက်အဦးတစ်ချို့နှင့် ရွာထဲရှိ ဒေသခံနေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
“ရွာက ဘုန်းကြီကျောင်း ဟုတ်ပါတယ်။ အရမ်းဝမ်းနည်းတယ်။ ပြေားစရာ စကားလုံးမရှိတော့ပါဘူး”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို အတည်ပြု ပြောဆိုသည်။ ‌‌‌‌
ကောင်မူးဗွာ ကျေးရွာသည် ဆီဆိုင်မြို့အဝင်တွင် ရှိပြီး ပြီးခဲ့သည် ဇန်နဝါရီ၂၄ ရက် ကတည်းက ရွာသားများ အကုန်လုံးနီးပါး ထွက်ပြေးတိမ်ရှောင်ခဲ့ ကြောင်း သိရသည်။
” အများစုက အိမ်စောင့်ကျန်မယ်ဆိုပြီး အမျိုးသား အများစုက မရှောင်ခဲ့ဘူး။ အခု သူတို့ အခြေအနေက ဘယ်လိုရှိလဲမသိဘူး။ တစ်ချို့တော့ ထပ်ရှောင်တယ်။ ရွာထဲ ကျန်တဲ့သူလည်း ရှိတယ်”ဟု ၎င်းက ဆက်ပြောသည်။
ယခုတွင် ဆီဆိုင်မြို့တစ်မြို့လုံးနီးပါး PNLA ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဆိုက်ခဝ်စံပြ ကျေးရွာအမြှောက်တပ်မှ ဆီဆိုင်မြို့နယ် တစ်ဝိုက်ဘက်သို့ လက်နက်ကြီးဖြင့် ၁၀ မိနစ် တစ်ကြိမ်လှမ်းပစ်ခတ်‌နေကြောင်း ဒေသခံများ ပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *