ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၇၊၂၀၂၄
ဆီဆိုင်မြို့နယ် တိုက်ပွဲအတွင်း ကျေးရွာဖက်များတွင် မထွက်လာနိုင်သေးသည့် ဒေသခံများစွာရှိနေသေးပြီး ထွက်ပြေးတိမ်းရှောင်ရန်အတွက် ခရီးစရိတ် အခက်အခဲရှိနေကြကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် ဇန်နဝါရီ၂၃ ရက်မှစ၍ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ် ကောင်စီဖက် လက်နက်ကြီး၊ လေကြောင်းဖြင့် တိုက်ခိုက်ခြင်းကြောင့် ကျေးရွာဖက်မှ မထွက်လာနိုင်သေးသည့် ဒေသခံများစွာရှိပြီး ထွက်ပြေးရန်အတွက် ဆီဖိုး၊ ကားခများ အခက်ခဲရှိကြကြောင်းသိရသည်။
” တိုက်ပွဲ ဖြစ်မယ်လို့ သတင်း ကောလ ဟာလ ကြားကတည်းက အဆင်ပြေတဲ့သူတွေ တိုက်ပွဲမဖြစ်ခင်ကတည်းက အကုန်ရှောင်ကြတာ ။ကျန်တဲ့ သူက အခြေခံ လူတန်းစားများတယ်။ ထော်လဂျီနဲ့ဘဲ အနီးနား တောထဲဘဲ ရှောင်ကြတာ။ ဖုန်းဘေအကူညီ တွေ စားရေးသောက်ရေးတွေ အဆင်မပြေကြဘူး။ သူတို့လည်း ဘေးကင်းရာထွက်ချင်ပေမယ့် ပိုက်ဆံက မရှိကြတော့ အခက်ခဲတွေ့ နေကြတာ”ဟု ဒေသခံ တစ်ဦးက ပြောသည်။
အများစုသည် မြို့ပေါ်ရပ်ကွက်နှင့်ဟိုခဲ ၊လွယ်ထွယ်၊တောင်းတပ်၊နောင်ဗိုရွာ ဒေသခံများဖြစ်ကြပြီးအများစုမှာ တောထဲသာ ဖြစ်သလို နေကြရကြောင်းသိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ၂၅ ရက်နေ့တွင်လည်း နောင်ဗိုကျေးရွာအား စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးလာကြဲသဖြင့် ကလေးတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *