ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၅ ၊ ၂၀၂၄
ဆီဆိုင်မှတောင်ကြီးတက်သည့် ကားလမ်းတလျှောက်ရှိ ကျေးရွာများနှင့် PNO ပြည်သူ့စစ်ရောက်ရှိသည့် ကျေးရွာများတွင် ရွာသားများအား ဘုန်းကြီး ကျောင်း၌စုနေခိုင်းပြီး ထွက်ခွင့်မပေးခြင်းများပြုလုပ်နေကြောင်း သိရသည်။
လက်ရှိတွင် ဆီဆိုင်မြို့နယ် နမ်းဩနှင့်ထီတမောင်ကြားတွင် သေနတ်သံများကြားနေရပြီး ဘုန်းကြီး ကျောင်းမှထွက်ခွာချင်သည့် ရွာသားများအား PNO ပြည်သူစစ်က တားဆီးနေကြောင်း ဒေသခံသတင်းအရင်းအမြစ်က ခမ်းသားငဝ်းသို့ ပြောလာသည်။
“ထွက်ချင်တဲ့သူတွေရှိပေမယ့် ပေးမထွက်ဘူးပေါ့နော် ဘုန်းကြီးကျောင်းမှာပဲစုပြီးအတင်းနေခိုင်းနေတယ်” ဟု ၎င်းကပြောသည်။
လေယာဉ်နှင့် ကျောင်းကိုလာပစ်မည်ကိုစိုးရိမ်နေကြကြောင်း လူစုလူဝေးနှင့်နေခြင်းသည် ပိုစိုးရိမ်ရကြောင်း PNO အနေနှင့် ဘာကြောင့်ပေးမထွက်တာကို နားမလည်ကြောင်း ဒေသခံများကဆိုကြသည်။
လက်ရှိိတွင် လေယာဉ်သံများမကြားရသေးသော်လည်း ဘုန်းကြီးကျောင်းကို လေယာဉ်နှင့်ဗုံးကြဲသည့်အခါ ပြည်သူများထိခိုက်ပါက PNO ပြည်သူ့စစ်ကြောင့်သာဖြစ်တဲ့အကြောင်းသတင်းတွင် ဖော်ပြပေးရန် ရွာသားကတောင်းဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *