ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၅၊ ၂၀၂၄
ဆီဆိုင်မြို့မရဲစခန်း ကို PNLA နှင့်မဟာမိတ်တပ်ပေါင်းစုများက တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းကြောင့် PNLA လူမှုကွန်ယက် Facebook page အတုဖြန့်ဝေမှုပေါ်ပေါက်လာခဲ့ကြောင်းသိရသည်။
ပအိုဝ်းဘာသာစကားဖြင့် ထို page သည် မိမိတို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ကို ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန် မသမာသူ ရန်သူက လုပ်ကြံထားသည့် page အတုသာဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွှတ်မြှောက် ရေးအဖွဲ့ချုပ်PNLO/ PNLAက ယနေ့တွင် ထုတ်ပြန် ကြေညာထားပါသည်။
ယင်းpageတွင် ယနေ့ မနက်ပိုင်းတွင် စစ်ရေးနှင့်ပက်သက်သည့် သတင်းအချက်အလက်အမှားများကို ထုတ်ပြန် ရေးသားထား ကြောင်း တွေ့ မြင်ရပါသည်။
ထိုpage အတုသည် စောင့်ကြည့်သူ ၉၃၆ ဦးရှိပြီး နှစ်သက်သူ ၄၃၄ ခုရှိကာ တင်သော postတိုင်း သည်လည်းကြည့်ရှုသူ များနေသည်ကို တွေ့ရပါသည်။
“ကျွန် တော်တို့ အခုက လုံခြုံရေးလှုပ်ရှားမှု လုပ်နေတာ ဖြစ်ပါတယ်။ဒါက ပြည်သူတွေ အေးချမ်းစွာ သွားလာ နေထိုင်နိုင်အောင်လုံခြုံရေး လှုပ်ရှားမှုသာ ဖြစ်ပါတယ်။လူဆိုး သူခိုး ဓားပြများမှလွဲ၍ မိဘပြည်သူများအနေဖြင့် PNLAနယ် မြေမှာလွတ်လပ်သာယာစွာ သွားလာနေထိုင်နိုင်ပါတယ်”ဟု PNLAဖက် စစ်ရေး ပြောခွင့် ဆိုရေးရှိသူ က ခမ်းသား ငေါဝ်းကို ပြောသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA )၏ လုံခြုံရေးဆိုင်ရှာ လှုပ်ရှားမှုများကို PNLO Info နှင့် PNLA News & Information Department မှသာ ထုတ်ပြန်အသိပေးမည်ဖြစ် ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ၂၁ရက် နေ့တွင် လည်းအချစ်ရေးပိုင်ဆိုင်ရာစုစည်းမှာ Facebook page မှ စံဖူး ရွာ တိုက်ပွဲ video ဖိုင် ဖြစ်သည်ဟုဆိုကာ မျှဝေခဲ့ပြီး ပအိုဝ်းပြည်သူများအကြား ယင်း video အမှားကိုမျှ ဝေသူများပြားခဲ့ ကြောင်း သိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *