ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၄၊ ၂၀၂၄
လုံးခြုံရေး အားနည်းလာသည့် ပအိုဝ်းဒေသတွင်း လူဆိုး၊သူခိုး၊ဓားပြ ဘေးရန်မှ ကာကွယ်ရန် လုံခြုံရေးလှုပ်ရှားမှုလုပ်ဆောင်နေဟု ဇန်နဝါရီ ၂၄ ရက် PNLA ထုတ်ပြန်ပြောဆိုလိုက်သည်။
PNLO/PNLAအနေဖြင့် ဒေသတွင်းသွားလာ လှုပ်ရှားနေသည်မှာ ပြည်သူ၏ လုံခြုံရေးအတွက်၊ ပြည်သူများ ကောင်းကောင်းမွန်မွန်သွားလာနေထိုင်နိုင်ရေးအတွက်ကြောင့် လှုပ်ရှားရခြင်းသာဖြစ်ကြောင်း ယနေ့ရက်စွဲဖြင့်ပြည်သူကို ထုတ်ပြန်အသိပေးထားသည်။
PNLAသည် အခြေနေအားလျော်စွာ ပအိုဝ်းဒေသရှိ ပအိုဝ်းလူမျိုးများနှင့် အခြားတိုင်းရင်းသားညီနောင်များ ၏ လုံခြုံစွာသွားလာနေထိုင်နိုင်ရန် တာဝန်ရှိ တပ်မတော်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
လက်ရှိအချိန်သည် လုံခြုံမှုအားနည်းနေသေးသည့်အတွက် ဒေသတွင်း လူဆိုး သူခိုး ဓားပြစသည့် ဘေးရန်ကို ကာကွယ်နိုင်ဖို့ရန် PNLA အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောဆိုထား သည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed