ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၃၊ ၂၀၂၄
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နောင်ထောဝ်ဒေသရှိ စစ်ကောင်စီ ကင်းစခန်း(၄)ခုကို PNLAက သိမ်းပိုက်လိုက်ကြောင်းဒေသခံပြောပြချက်အရသိရသည်။
နောင်ထောဝ်ဒေသရှိ စစ်ကောင်စီ ကင်းစခန်း ၄ ခုကို ကျည်ဖောက်စရာမလိုဘဲ စစ်ကောင်စီ တပ်သားများထွက်ပြေးသည့်အတွက် သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။
” PNLA က သိမ်းလိုက်တာ ဟုတ်ပါတယ်။ အစကတည်းက PNLA ကသူတို့ကို ပတ်ပတ်လည်ဝိုင်းထားပြီးသားလို့ပြောတယ် ၊ စစ်ကောင်စီတပ်သားထွက်ပြေးသွားတာ” ဟု ဒေသခံ တစ်ဦးက ခမ်းသားငေါဝ်းကို အတည်ပြုပြောကြားသည်။
ဇန်နဝါရီ ၂၂ ရက်ည ၈ နာရီခန့်တွင် နောင်ထောဝ်ဒေသကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ ကလေယာဥ်ဖြင့်၂ ကြိမ်ဗုံး ကြဲတိုက်ခိုက်ပြီးစစ်ရှောင် စခန်း မီးလောင်သွားသလို စစ်ရှောင်နှစ်ဦးသေဆုံးခဲ့ကြောင်းသိရ သည်။
PNLA တပ်သားရဲဘော်အနေဖြင့် စစ်ကောင်စီ နှင့် ပြည်သူ့စစ် တို့၏ လူထုအပေါ် ပြုမူဆက်ဆံခြင်းမပြုလုပ်ရန် ဆေးမှူး နင်ဗိုလ်ကောဝ်းက သတိပေးပြောဆိုထားသည်။
“PNLA တပ်သား ရဲဘော်များ မြို့ရွာတွေမှာ ပြည်သူနဲ့ ပြောဆို ဆက်ဆံတာဖြစ်ဖြစ် ၊တာဝန်အရစစ်ဆေးဖို့ လိုတာဘဲ ဖြစ်ဖြစ် စစ်ကောင်စီနဲ့ ပြည်သူ့စစ်လို မလုပ်နဲ့။ဆရာတွေ ပြောထားတဲ့ စည်းကမ်းအတိုင်းလိုက်နာပေးနော်။ လူမျိူး၊ဘာသာ၊သာသနာ၊အဖြူအမဲ မခွဲးခြားရဘူးနော်။ ငါတို့ရဲ့ အနာဂတ်ကိုချစ်မြတ်နိုးပြီး အနာဂတ်ကို ကြိုတွေးရင် ရဲအောင်လုပ်၊ကဲအောင်လုပ်၊ဖြစ်အောင်လုပ် အောင်မြင်အောင်လုပ်။ပတ်ဝန်းကျင်ဝေဖန်သံကို အရေးထားဂရုစိုက် နေစရာမလိုဘူး။ပတ်ဝန်းကျင်ကို အရေးထားခဲ့ရင် ယခုပစ္စုပ္ပန် ကျွန်ဘဝကနေ ငါတို့ သား၊မြေ၊ မြစ် တွေလည်း သူများ ကျွန်ဘဝဆက်ဖြစ် နေအုန်းမယ်”ဟု PNLA ဆေးမှု နင်းဗိုလ်ကောဝ်းက သူမ၏ Facebook အကောင့်မှတဆင့် ရဲဘော်များကို သတိပေးရေးသားထားသည်ကိုတွေ့ရ သည်။

Leave a Reply

Your email address will not be published. Required fields are marked *