ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၅၊ ၂၀၂၄
ဆီဆိုင်မြို့ရှိရဲစခန်းကို ဇန်နဝါရီ ၂၄ ရက်နေ့ ညက PNLA နှင့်ပူးပေါင်း တပ်တို့ကမှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်တောင်ဘက် ပုံးလောင်းကျေးရွာနှင့် အနီးတဝိုက်တွင်စစ်ကောင်စီ လေယာဉ်​ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၅ နာရီကျော်အချိန်ခန့်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLA နှင့် ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့မရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
“ဝင်လာတာတောင်မသိလိုက်ဘူး မိနစ်ပိုင်းလေးအတွင်းပဲ သိမ်းသွားတာ”ဟု ဆီဆိုင်ဒေသခံတစ်ဦးက ပြောသည်။
ဆီဆိုင်မြို့မရဲစခန်းအသိမ်းခံရပြီးနောက် စစ်ကောင်စီမှတညလုံး လေယာဥ် ​ဖြင့် လူနေရပ်ကွက်သို့ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
“မနေ့ည တစ်ညလုံးပဲ လေယာဥ်နဲ့ဗုံးကြဲနေတာ မြကန်သာမှာလူထုကိုထိတယ်၊ နောက်အဆောက်ဦး မီးလောင်တာလည်းရှိတယ်။”ဟု ဒေသခံ တစ်ဦးက ပြောသည်။
တိုက်ပွဲ၏အသေးစိတ်ကို ခမ်းသားငေါဝ်း ကဆက်လက်စုံစမ်းနေပြီး အတည်ပြုချက်ရပါကဆက်လက်ဖော်ပြပါမည်။
ဇန်နဝါရီ ၂၄ ရက် အစောပိုင်းက ဆီဆိုင်မြို့နှင့် ၃ မိုင်အကွာ လွိုင်ကော်- ဆီဆိုင်လမ်းမပေါ် စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်ဂိတ်ကို PNLO/PNLA၊KNDF နှင်းပူး​ပေါင်းတပ်တို့ကတိုက်ခိုက်ပြီး မီးရှို့ဖျက်စီးခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *