ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၄၊၂၀၂၄
ဆီဆိုင်မြို့တွင် လက်ရှိ၌ စစ်ရေးပဋိပက္ခဖြစ်ပွားနိုင်ပြီး အရပ်သားပြည်သူများအနေဖြင့် ဟိုပုံးမြို့ ဗန်းကွန်ဘုန်းတော်ကြီးကျောင်းတွင် ဦးရေအကန့်သတ်ဖြင့်လက်ခံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဟိုပုံးမြို့ ဗန်းကွန်ဘုန်းကြီးကျောင်းအပြင် တောင်ကြီးမြို့နယ် နမ်းဆီးအုပ်စု ဘုရားငါးဆူဘုန်းတော်ကြီးကျောင်းနှင့် ကံ့ကော်ဘုန်းတော်ကြီးကျောင်းတို့တွင်လည်း လက်ခံသွားမည်ဖြစ်ကြောင်းအသိပေးထားသည်။
“ဆီဆိုင် ဘုရားဖြူကတဲ့ အယောက် ၃၀ပေါ့၊ လက်ခံထားတယ်။ နောက်ပြီးတော့ ဌာနဆိုင်ရာမှာလား အယောက် (၁၀၀) လည်း ဆရာတော်က လက်ခံထားပြီ။ အခုတော့မရောက်လာသေးဘူး။ ဒီနေ့ ၊ မနက်ဖြန်ရောက်လာမယ်လို့တော့ပြောထားတယ်။”ဟု ဗန်းကွန်ကျောင်း၌ သီတင်းသုံးနေသော ဥုးဇင်း ဥုးတေဇာနန္ဒက ခမ်းသားငေါဝ်းကိုမိန့်သည်။
ခိုလုံလိုသော အရပ်သားပြည်သူများသည် ဆက်သွယ်ထားရုံသာရှိပြီး ရောက်လာခြင်းမရှိသေးသည့်အတွက် ယင်းတို့၏ လိုအပ်ချက်များကို မသိရှိရသေးကြောင်း ၎င်းဥုးဇင်းက ဆက်မိန့်ကြားသည်။
အခြေနေအရနမ်းဆီးကျေးရွာအုပ်စု ဘုရားငါးဆူဘုန်းကြီးကျောင်း၌ အယောက် ၅၀၊ ကံ့ကော်ဘုန်းကြီးကျောင်း၌ အယောက် ၃၀ နှင့် ဟိုပုံးမြို့ ဗန်းကွန်ဘုန်းကြီးကျောင်း၌ အယောက် ၃၀ ဝန်းကျင်လက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းလာရောက်ခိုလုံလိုသော အရပ်သားပြည်သူများသည် မှတ်ပုံတင်ပါယူလာကြပါရန်လည်း ဆိုထားသည်။
လက်ရှိတွင် ဆီဆိုင်၌ စစ်ကောင်စီ၊PNO ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် PNLO/PNLA နှင့်တော်လှန်ရေးအင်အားစုတို့ကြား စစ်ရေးတင်းမာနေသလို စစ်ကောင်စီက လေယာဥ် ဖြင့်မြို့ပေါ်၌ ပျံသန်းနေကြောင်းသိရသည်။