ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၄၊ ၂၀၂၄
ထမင်းထုပ်နေ့ တိုင်းပို့ဆောင်ပေးနေရသော်လည်း ဒေသခံများက ဆန်ကိုတစ်အိတ်ထက်ပို၍ ဝယ်ယူခွင့်မပေးသည့် အတွက် အခက်အခဲဖြစ်နေကြကြောင်း ဒေသခံ များပြောပြချက်အရ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ မှော်ဘီလမ်းစုံ အဝိုင်းပတ်တောင်ဘက်ရှိ စစ်ဆေးရေးဂိတ်၌စစ်ကောင်စီတပ်သားများနှင့် PNOတပ်သားများအတွက် ယထမင်းထုပ်ကိုတစ်အိမ်တစ်ထုပ် ရက်တိုင်းပို့ဆောင်ပေးနေရကြောင်းသိရ သည်။
“ခုရက်ပိုင်းမှပဲ သူတို့အတွက် ထမင်းထုပ်နေ့တိုင်းပို့ပေးရတယ်၊ ဆန်ကျတော့တစ်အိတ်ထက်ပိုပြီး ပေးမသယ်ဘူး၊ တအိတ်ထက်ပိုသယ်ရင်သူတို့က နင်တို့ကရင်နီဘက်ကိုထောက်ပံ့ပေးတယ်ဆိုပြီးပြောတာ၊ ဘယ်လိုရှင်းပြပြမရဘူး” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ဒေသခံများ ဆန်အိတ်ပိုသယ်ဆောင်ပါက ထိုဂိတ်ရှိ စစ်သားများက အလကားသိမ်းယူသွားကြကြောင်း၊ စက်သုံးဆီများဝယ်ယူရာ၌လည်း ဗူးကြီးနှင့် ဝယ်ပြီးသယ်ဆောင်လာပါကလည်း သိမ်းယူသွားကြောင်းဒေသခံပြောပြချက်အရသိရ သည်။
“သူတို့ဒီလိုလုပ်တော့ ထမင်းတောင်မထုပ်ပေးချင်‌တော့ဘူး၊ ဒါပေမဲ့မထုပ်မနေရဆိုတော့ မတတ်နိုင်ဘူးလေ၊ ထမင်းထုပ်ပေးဖို့ အထက်လူကြီးပိုင်းတွေက အမိန့်ပေးလာတော့ လုပ်ပေးနေရတာပဲ” ဟု၎င်းကဆက်ပြောသည်။
ရွာတစ်ရွာကို တစ်ရက်နှစ်ဖွဲ့စီ မှော်ဘီအဝိုင်းပတ်စစ်ဆေးရေးဂိတ်သို့ ထမင်းထုပ်ရက်တိုင်းပို့ဆောင်ပေးရပြီး တစ်ဖွဲ့၌ အိမ်ထောင်စုအနည်းဆုံး (၁၀)စုပါဝင်ကြောင်း သိရသည်။
၎င်းစစ်ဆေးရေးဂိတ်တွင် ဒေသခံများပြောပြချက်အရ စစ်သားများသည်စစ်ဆေးရေးတင်းကျပ်ကာ အော်ငေါက်ဆဲဆိုခြင်းများပြုလုပ်ပြီး ဆိုင်ကယ်များဖြတ်သွားမည်ဆိုပါက ဆင်းတွန်းနေရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *