ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၄၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ် ပအိုဝ်းအမျိုးသား လွှတ်မြှောက်ရေးအဖွဲ့ချုပ် PNLA/PNLO ထိန်းချုပ်နယ်မြေတွင် စစ်ကောင်စီ လေကြောင်း တိုက်ခိုက်လာမည်ကို စိုးရိမ်နေကြသဖြင့်ဒေသခံများ ကြိုတင်တိမ်းရှောင်နေကြကြောင်းသိရသည်။
ဇန်နဝါရီ ၂၃ ရက်တွင် ဗန်းမက်၊ ဘုရားကုန်း၊ မဲဟဲရွာ ဒေသခံများသည် စတင်တိမ်းရှောင်ခဲ့ပြီး တောတောင်ထဲရှိ ချောင်းဘေး ၊ကမ်းဘေးနှင့် ဂူထဲတို့တွင် တိမ်းရှောင်နေကြ ကြောင်းသိရသည်။
“စစ်ကောင်စီက လေယာဉ်နဲ့ လာကျဲ မယ်လို့ ပြောကြတယ်။အဲတာ ကြောင့် အကုန်လုံး တောထဲ ရှောင်ကြတာ။ရွာထဲ ကျန်တာ သွားရခက်ခဲတဲ့သက်ကြီးရွယ် အိုသုံးလေးယောက်ဘဲ။ PNLAဖက်က တေ့ာတကယ်လို့ရွာထဲ အိပ်ချင်ရင်လဲ မီးမထွန်းနဲ့ ပြီးရင် အိမ် အောက်ထပ်မှာ အိပ် ။ သတိဝိရိယနဲ့ နေ လို့ ပြောလာတယ် ဒါပေမယ့် အကုန်လုံးက တောထဲဘဲ သွားအိပ်ကြတယ်”ဟု ဒေသခံ တစ်ဦးက ခမ်းသား ငေါဝ်းကို ပြောသည်။
ဒေသခံများသည် တိုက်ပွဲ မဖြစ်ပွားဘဲ စစ်ကောင်စီဖက် လေယာဉ်ဖြင့် ရုတ်တရက် ဗုံးလာကြဲ မည်ကို ဒေသခံများက အထူးစိုးရိမ် နေကြကြောင်းသိရသည်။
“စစ်ပွဲဘယ်ချိန်ဖြစ်မလဲ့တော့မသိဘူးဒါပမယ့် အရမ်းကြောက်ဖိုကောင်းတာကသူတို့လေယာဥ်နဲ့တိုက်မှာကိုဘဲ ရွာသားတွေ စိုးရိမ်တာ”ဟု ၎င်းကဆက် ပြောသည်။
ဆီဆိုင်မြို့နယ် နောင်ထောဝ်ဒေသရှိ စစ်ကောင်စီ ကင်းစခန်း(၄)ခုကို ကျည်ဖောက်စရာမလိုဘဲ စစ်ကောင်စီ တပ်သားများထွက်ပြေးခဲ့ပြီး နောက် PNLA တပ်သားများ ဇန်နဝါရီ၂၃ ရက်တွင် ဝင်ရောက် သိမ်းပိုက်ခဲ့ပြီဖြစ် ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *