ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၄၊ ၂၀၂၄
ထီရီးရွာအတွင်း တပ်စွဲနေသည့် စစ်တပ်နှင့် PNO ပြည်သူ့စစ်များအတွက် စံကားမြို့အနီးတစ်ဝိုက် ‌‌ ဒေသခံများက ထမင်းထုပ်ပို့ပေးနေရပြီး ကြက်ဉဟင်းဖြစ်ပါက ပို့ခွင့်မပြုကြောင့် ဒေသခံတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ညောင်ရွှေမြို့နယ် စံကားမြို့ တောင်ဖက်ရှိ ဒေသခံများသည် စစ်တပ်နှင့် PNO ပြည်သူ့စစ်အတွက် ထမင်းထုပ်ပို့ပေးရသည်မှာ တစ်လကျော်ရှိနေပြီဖြစ်ကြောင်းသိရသည်။
“ရွာသားကို သူတို့ပြောလာတယ် ကြက်ဉဟင်းနဲ့ မပို့နဲ့ဆိုပြီး ပေါ့နော်။သူတို့ပဲ မကြိုက်တာလား ယတျာ ချေတာလား တော့ မသိဘူး။ခုလည်း စံကားဖက်က အရွက်တွေ ထွက်ချိန် မဟုတ်တော့ ဟင်းပို့ပေးရတာ အရမ်းခက်ခဲလာတယ်။ နောက်ပိုင်းကျ ဝက်သားဘူး ၊ငါးဘူး စတာတွေပဲ ပို့ပေးတော့တယ်”ဟု ဒေသခံ တစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ထို့အပြင် ဒေသခံ များကနေ့စဥ်ထမင်းထုပ်ပို့ပေးရသော်လည်း ဆန်ကိုအိတ်လိုက်ဝယ်ယူရာတွင်လည်း ခွင့်မပြုဘဲ နည်းနည်းစီသာဝယ်ယူခွင့်ပြုခြင်းကြောင့် အခက်ခဲရှိကြောင်းဒေသခံပြောပြချက်အရသိရသည်။
စံကားဒေသရှိ ကျေးရွာအသီးသီးတွင် ထမင်းထုပ်များကိုအလှည့်ကျပို့ဆောင်ရပြီး ကျေးရွာအတွင်းရှိ ကားရှိသည့်သူများက ထမင်းထုပ်များကို ထီရီးကျေးရွာအထိ PNOစစ်သားများထံ ပို့ဆောင်ပေးရသည်လည်း မိမိလုံခြုံရေးကို အထူးစိုးရိမ် နေကြရ ကြောင်း၎င်းကဆက် ပြောသည်။
စံကားမြို့ တောင်ဖက်ရှိ ထီရီးနှင့် ဆောင်နန်းခဲတွင် ပြီးခဲ့သည့်၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် စစ်ကောင်စီနှင့် တော်လှန် ရေးတပ်ဖွဲ့များ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး နောက် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်များစွာ ထီရီးရွာတွင် တပ်စွဲနေထိုင်နေကြ ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *